Episode - 27

8.7K 1.2K 61
                                    

[ ကျွန်တော်နမ်းတာကိုလိုချင်တာလား ဟင် ]

စာကြည့်ခန်းထဲတွင်တောင်အလုပ်မလုပ်နိုင်တော့ဘဲ ရှောင်းကျန့်အခန်းထဲသို့ရွေ့လာရသည်။ အိပ်ပျော်နေတဲ့လူနိုးမှာစိုးတာကြောင့် ဖြည်းဖြည်းချင်းစာရိုက်နေရသည်။ မိမိခါးကိုဖက်တွယ်ထားတဲ့လက်တွေကို အပေါ်ကနေအုပ်မိုးကိုင်ထားမိသည်။

ဘေးစောင်းအိပ်နေတဲ့အခါ မြင်ရတဲ့ပါးလေးကနမ်းလှည့်ပါလို့ ဖိတ်ခေါ်နေသယောင်။ ဒီလိုမျိုးဆိုအစကတည်းက ငြင်းဆန်ဖို့ခွန်အားမဲ့သောရိပေါ်ခမျာ နမ်းလိုက်တော့သည်။

နောက်ဆုံးစာတမ်းပြီးသွားတဲ့အခါ ဘေးတွင်ရှိသောခုံပေါ်သို့ တစ်ခုချင်းစီတင်ပြီး မိမိမှာဘေးဘက်သို့ဖြည်းညင်းစွာဝင်လှဲလိုက်သည်။

အနည်းငယ်ဖောင်းနေတဲ့မျက်ခွံအား လက်မလေးနဲ့ဖိဆွဲလို့။

"ထွက်သွားမှာကြောက်နေခဲ့တာလား "

ခေါင်းအောက်လက်လျိုဝင်ကာဖြင့် မိမိလက်မောင်းပေါ်အိပ်စေပြီး ဖက်ထားမိသည်။

"ဒီလိုပုံစံနဲ့ဆိုရင် လုပ်မယ့်အရာတွေပြန်ပြင်ရတော့မှာပဲ "

နွေညကပူလောင်ပေမဲ့ ထိုလူနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက်ဖက်တွယ်ကာ မပူသည့်အလား အိပ်စက်နေခဲ့သည်။

ရှောင်းကျန့်အချိန်မှန်နိုးထလာတော့ သူ့ရှေ့တွင်မြင်ရတဲ့ရင်ဘတ်တစ်စုံ။ လက်ထောက်လို့သူ့အားပြုံးပြီးကြည့်နေသောရိပေါ်။

ညကတူတူအိပ်ကြတာပဲ ခဏ ခဏ ညကငါကလေးတစ်ယောက်လိုငိုမိတာလား
ဝက်ပေါ​က်စရှေ့မှာလေ။

ရိပေါ်တွေးချင်ရာတွေးနေတဲ့ရှောင်းကျန့်ပါးကိုနမ်းလိုက်ပြီး။

"မျက်နှာသစ်ပြီး လာခဲ့ ကျွန်တော်မနက်စာပြင်ထားတယ် "

"???"

မနက်စာစားနေတဲ့အခါ ရှောင်းကျန့် ရိပေါ်ကိုမသိမသာခိုးကြည့်သည်။

တစ်ခုခုထူးခြားနေတယ် တစ်ခုခုပဲ !

"ရှောင်းကျန့် "

"ဘာလဲ "

"မကြာခင် ကျွန်တော်စာမေးပွဲဖြေရတော့မယ် အဲ့ဒါ "

Daddy Villain & His owner Baby Boy [ COMPLETED ]Where stories live. Discover now