Extra - 5

6.2K 870 35
                                    

[ တစ်ဘဝလုံးစာ ချစ်ခွင့်ပေးပါ ]

'အကြင်သူအားသေတဖန်သက်တဆုံး ပေါင်းသင်းပါမည်ဟု သစ္စာဆိုပါသလား ´

ကတိုက်ကရိုက်ဆန်သောမင်္ဂလာပွဲကို ရိပေါ်နဲ့ရှောင်းကျန့် အလျင်မှီအောင် နောက်ကနေလိုက်လာရသည်။

ပျော်ရွှင်နေသော Sam က ရှက်နေပုံရတဲ့Ria ကို ချစ်မဝစွာငေးကြည့်လို့ လက်သကြွယ်ထက် ရိုးရှင်းသောလက်စွပ်အားဝတ်ဆင်ပေးသည်။

"(ကျွန်တော်လောသွားမိတယ်) "

"( Sam ပျော်ရင်ရပါပြီ)"

Riaရဲ့မိဘအရင်းတွေဆီရှိသောရွာသို့ လာလည်ရင်း ကျင်းပနေသောမင်္ဂလာပွဲအားမြင်မိသော Sam။
သူ့အပေါ်အမေတစ်ယောက်လို ၊ အမတစ်ယောက်လို ၊ တစ်ခါတစ်လေ သူ့ရဲ့သူငယ်ချင်းတစ်ယောက်လို နားလည်ဖေးမကာအနားတွင်အမြဲရှိပေးသော သူမအား တခြားလူလက်ထဲပါသွားမည်ကို စိုးထိတ်လာသည်။

ကလေးဆန်သည်ဟုထင်ရပေမဲ့ သူမအပေါ်တွင်သာထိုသို့ပြုမူခြင်းဖြစ်ကြောင်း သိလိမ့်မည်မထင်။

အဖြူရောင် Dressက သူမနဲ့ ဘယ်လောက်တောင်လိုက်ဖက်နေမလဲ။

အလျင်စလိုလုပ်မိတဲ့လက်ထပ်ပွဲအား သူမကငြင်းဆန်ခြင်းမရှိ။ ဘယ်လို​တောင် ကျွန်တော့်အပေါ်အလျော့ပြီးချစ်ရတာလဲ။

ရိပေါ်ရဲ့ဆွဲခေါ်မှုကြောင့် ပါလာသောရှောင်းကျန့်မှာ လက်ဖွဲ့ပစ္စည်းမပါလာသည့်အတွက် မျက်နှာပူကာနေရခက်နေလေသည်။

ယန်ခဲ့ကိုတစ်ခုခုပို့ပေးဖို့ ပွဲကနေခဏထွက်လို့ ဖုန်းဆက်နေလေသည်။ သင့်တော်မည့်အရာတစ်ခုကို အမြန်ဆုံးပို့ပေးဖို့မှာကြားလိုက်ရသည်။

မိမိနေရာသို့ပြန်မလာခင် အပြင်ကနေရပ်လို့ သတို့သားနဲ့သတို့သမီးဖြစ်သူနှစ်ယောက်ရဲ့ ပျော်ရွှင်နေသောမျက်နှာများကို အားကျသလိုငေးကြည့်မိသည်။

မဖြစ်နိုင်တာတွေ မတွေးစမ်းပါနဲ့။

ရိပေါ်ရှိရာသို့လှမ်းကာကြည့်မိတော့ ပြုံးကာငေးကြည့်နေလို့။

ဖြစ်နိုင်ခွင့်မရှိဘူးဆိုရင်တောင် တစ်နည်းတစ်ဖုံတော့ကြိုးစားကြည့်သင့်တယ်မဟုတ်လား။

Daddy Villain & His owner Baby Boy [ COMPLETED ]Onde histórias criam vida. Descubra agora