•ဘာသာပြန်မဟုတ်ပါ။•
[ တစ်ရက်တာလက်ထောက်လုပ်ခွင့် ]
ဒီနေ့မနက်စာက
အီကြာကွေး (Deep fired dough stick) နှင့်
ပူပူနွေးနွေးမလိုင်တွေဝေ့နေတဲ့ ပဲနို့တစ်ခွက်။ ဆီနှင့်ကြော်သောမုန့်တစ်ချို့ကိုမကြိုက်ပေမဲ့လည်း အခုကတော့ စားချင်စိတ်ဖြစ်နေတာကြောင့် ပဲနို့ထဲနှစ်ကာစားကြည့်တော့ ဆီအနံ့မရသည့်အပြင် စားရသည်မှာအိအိလေးဖြစ်နေလေသည်။"ခင်ဗျားလုပ်တာရောဟုတ်ရဲ့လား"
"ထင်သလိုသာခန့်မှန်းလိုက်ပါ"
ပဟေဠိလာထုတ်သွားသောကြောင့် အဖြေကိုစဥ်းစားရတော့မည်။ မဖြစ်နိုင်လောက်ပါဘူး။
ဘယ်လိုရူးမိုက်တဲ့အတွေးတွေလဲ။"ဒီလ လခတိုးပေးမယ် အကုန်လုံးကို "
"သခင်ကြီး ဒီအစေခံက တောင်းဆိုစရာရှိလို့ပါ"
"ဘာကိုလဲ "
"သခင်လေးကိုပြန်ခေါ်လိုက်ပါလား "
"အဲ့အကြောင်းဆိုဆက်မပြောနဲ့တော့"
သူစိတ်တိုင်းကျသွားတာကို ငါကတကူးတကလိုက်ခေါ်ရမှာလား။
မနေနိုင်တဲ့အခါရောက်လာလိမ့်မယ်။ တစ်သက်လုံးနေနိုင်ရင်တော့လည်း မတွေ့ရုံပဲရှိတာပေါ့။"ဟတ်ချိုး "
"ရိပေါ် နေမကောင်းလို့လား"
ဘေးနားရှိတစ်ယောက်ကစိတ်ပူစွာနဲ့မေးတော့။
"မဟုတ်ပါဘူး နှာခေါင်းယားလို့ပါ"
အင်းဂလိပ်လိုပြောချင်တာကိုထိန်းပြီးပြောလိုက်သည်။
ဘယ်သူငါ့မကောင်းပြောနေတာပါလိမ့်။အတန်းပြီးလို့ကျောင်းကနေပြန်ပြီး ရှောင်းကျန့်ဆီသွားဖို့လုပ်နေပေမဲ့ စီနီယာတွေက ဘတ်စကတ်ဘောဆော့ဖို့ဆိုပြီး ဆွဲခေါ်သွားလေသည်။
အစကသူများဆော့နေတာကိုငြိမ်ပြီးကြည့်နေပေမဲ့ ကြာတော့စိတ်ပါလာကာ ဝင်ဆော့ဖြစ်တော့သည်။
လော့ကာထဲထည့်ထားတဲအိတ်ထဲမှ ဖုန်းခေါ်သံကအဆက်မပြတ်မြည်နေလျက်။အချိန်အတော်ကြာဆော့နေရင်း မျက်စိထောင့်ထဲမြင်မိသည့် ပြောင်လက်နေသောကားတစ်စီး။ အဲ့ဒါရှောင်းကျန့်ကားပဲ။
VOCÊ ESTÁ LENDO
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfic• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...