[ Kiss Kiss Kiss ]
ကျောင်းပြီးသွားပြီဖြစ်တာကြောင့် အဆောင်ကနေရှောင်းကျန့်အိမ်ဆီသို့ပြောင်းလာခဲ့သည်။
အခုရက်ပိုင်းလူအိုကြီးကသူ့ကိုတွေ့တာနဲ့အော်ထုတ်ရင်ထုတ် မထုတ်ရင်ထွက်ပြေးနေလေသည်။ကျိန်းသေတာတစ်ခုကတော့ သူဘာမှမလုပ်ထားမိဘူးဆိုတာပဲ။
ဘာကြောင့်များလဲ အဖြေရှာဆဲ ။
အလုပ်မလုပ်ခင်ကြားအချိန်လေး အနားနေပါတယ်ဆိုမှ လူကနှင်ပဲထုတ်ခံနေရတယ်။ သနားစရာကောင်းလိုက်တဲ့ဘဝလေး။
မထူးတော့တဲ့အဆုံး အကိုရန်ဖုန်းဆိုင်ဆီသွားလို့ ဝိုင်းကူလုပ်ရင်း ဘယ်လိုလုပ်ရမလဲ တွေးတောနေသည်။
ရုပ်ချောသောကောင်လေးတွေရှိသောဆိုင်ဖြစ်တာကြောင့် အရင်ကထက်လူများနေလေသည်။
"ရိပေါ် မင်းငါ့ဆိုင်ရဲ့လာဘ်ခေါ်ကြောင်လာလုပ်ပါတော့လား"
"တစ်နာရီကိုယွမ်သုံးထောင်"
"နေလိုက်တော့"
"ဟားဟား"
Samနဲ့ဆိုင်သိမ်းချိန်မှာ ခဏတွေ့ပြီး အေဂျင်စီထောင်မည့်ကိစ္စအားတိုင်ပင်ဖြစ်ကြသည်။
"( မင်းကမပြန်ဖြစ်တော့ဘူးလား)"
"(ကျုံးကော်ကိုချစ်မြတ်နိုးသွားပြီ Riaကဒီမှာဆောက်လုပ်ရေးအသစ်လုပ်မယ်ဆိုတာနဲ့ မပြန်ဖြစ်တော့တာ ဒါပေမဲ့ဘွဲ့ကိစ္စတွေကျတစ်ခေါက်ပြန်ရဦးမယ်)"
"(အင်း) "
"(မင်းဆံပင်ကိုညှပ်ဖို့စိတ်ကူးမရှိဘူးလား) "
"(ဘာလို့လဲ) "
Riaစည်းပေးထားတဲ့ဆံပင်အား ကိုင်ကြည့်ပြီးမေးလာလေသည်။
"(မသိရင် Lesbian အတွဲနဲ့တူနေလို့) "
"(!!!)"
နောက်နေခြင်းမဟုတ်ဘဲ တကယ်ပြောနေခြင်းဖြစ်သည်။
Samကရိုးရိုးချောသည်မဟုတ်ဘဲ မိန်းမချောချောနေခြင်းဖြစ်ရာ ရွှေအိုရောင်ဆံပင်ရှည်တွေနဲ့ဆိုတော့ ပြောဖို့တောင်မလိုတော့ပေ။ မိန်းကလေးလို့ထင်ခံရမည့်ဘေးကို သူ့ရဲ့ရှည်လျားသောအရပ်ကကယ်သွားခြင်းဖြစ်သည်။
ŞİMDİ OKUDUĞUN
Daddy Villain & His owner Baby Boy [ COMPLETED ]
Hayran Kurgu• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...