[ အီစီကလီပဲရိုက်မနေနဲ့ ကြိုက်ကြပါဦး !!]
မနက်စျေးထဲလှည့်ပတ်ဝယ်နေသော ရန်ဖုန်းနဲ့ရိပေါ်။
ဟင်းရွက်သည်အဒေါ်ကြီးထံမှလည်း ချစ်ဖို့ကောင်းလို့ဆိုပြီး အပိုတွေအများကြီးထည့်ပေးတာခံရသည်။အခုတလောရိပေါ်ရဲ့ငွေကြေးကမိုင်းနပ်စ်နားရောက်နေလေပြီ လိုအပ်တာမှန်သမျှဝယ်လိုက်ရင်း လက်ထဲတွင်တစ်လစာသာကျန်ရှိတော့သည်။ ကုန်တိုက်ထံသို့တောင်မသွားတော့ဘဲ အကိုရန်ဖုန်းနဲ့အတူစျေးလိုက်ဝယ်ခြင်းဖြစ်သည်။
ကျောင်းပြီးဖို့ကလည်းသိပ်မလိုတော့တာကြောင့် တစ်လစာနဲ့ကတောင့်ခံနိုင်ပေမဲ့ တောင့်မခံနိုင်တာက သူ့ရဲ့နေ့စဥ်လုပ်နေကြကိစ္စ ဆိုတော့ကာ အလုပ်တစ်ခုခုလုပ်ဖို့ကြံပေမဲ့လည်း အသက်ငယ်သေးတယ်ဆိုပြီး လက်သင့်မခံကြ တကယ်ကလုပ်ငန်းအတွေ့အကြုံမရှိသောကြောင့်ဖြစ်သည်။
မော်ဒယ်ငှားဖို့ဆိုတာကလည်း အင်း ကိုယ်တိုင်ကကြေးများနေလို့ခက်နေတယ်။
ထားပါတော့ လက်ရှိရှောင်းကျန့်ဆီနေ့လည်စာသွားပို့ဖို့အတွက် စျေးဝယ်ကြမယ်။ လတ်ဆတ်တဲ့ငါးကြင်းတွေကိုတွေ့တော့ စွတ်ပြုတ်ချက်ပေးဖို့စိတ်ကူးမိသည်။
အကိုရန်ဖုန်းကဆိုင်အတွက်လိုတာဝယ်သလို သူကလည်းပိုးပန်းဖို့ အဟမ်း နေ့လည်စာချက်ကျွေးဖို့ဝယ်သည်။
"အကိုရန်ဖုန်း ကျွန်တော်နဲ့XZကိုလိုက်ပြီးလိုက်တွေ့ပါလား"
"မင်းမပြောလည်းလိုက်မှာ ဆိုင်ကိုပိတ်ထားတာမမြင်ဘူးလား"
"ကိုယ့်အာရုံနဲ့ကိုယ်ဆိုတော့ သတိမထားမိလိုက်လို့ပါ"
"ငါမှန်းကြည့်မယ် မင်း ဘော့စ် ကို ...... "
ငါးကြင်းအားကိုင်တွယ်နေရင်းနဲ့မှ ချွေးသီးချွေးပေါက်တွေကျရင်း မချိပြုံးပြုံးကာ ဘာဆက်ပြောမလဲနားစွင့်နေလေသည်။
"ဘော့စ်ကိုလာဘ်ထိုးမလို့မလား အလုပ်ပေးပါဆိုပြီး"
အကိုရှီဝမ်ကျင့်တပည့်လို့မပြောရဘူး တုံးချက်ကတကယ်လက်လန်တယ်။
![](https://img.wattpad.com/cover/244989622-288-k862693.jpg)
BINABASA MO ANG
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfiction• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...