Episode - 20 ⚠

14.3K 1.4K 62
                                    

[ ငါဘာတွေလုပ်မိလိုက်တာလဲ  ]

•မင်းကတခြားသူမှမဟုတ်တာ

မင်းကတခြားသူမှမဟုတ်တာ

မင်းကတခြားသူမှမဟုတ်တာ •

အဲ့စကားအဓိပ္ပါယ်ကဘာကိုဆိုလိုချင်တာလဲ ဘာကိုလဲ။

တစ်ယောက်တည်းအတွေးပေါက်နေပြီး ဘေးပတ်ပတ်လည်ကိုဂရုမပြုအားသော ရိပေါ်ကိုဘယ်သူမှစကားမပြောရဲကြပေ။

အနီးတွင်ရှိသောကျစ်ဟောက်မှာ တပ်ထားသောမျက်မှန်ကို တုန်တုန်ရင်ရင်ပင့်တင်ရင်း။

"ရိပေါ် မင်း မင်း "

"ကျစ်ဟောက် ဒီစကားကဘာအဓိပ္ပါယ်လဲငါ့ကိုပြောပြပါလား"

"ဘာစကားလဲ "

အားကိုးတကြီးလက်ကိုဆုပ်ကိုင်လို့
ရယ်ရင်းအမေးရှိလာသော ရိပေါ်ပုံစံမှာ ကျစ်ဟောက်မျက်လုံးထဲတွင်တော့ လူမိုက်သဖွယ်။ မင်းမပြောရင်ကောင်းကောင်းနေဖို့မစဥ်းစားနဲ့ ဆိုတဲ့အသံပါကြားမိလာသလိုပင်။

"မရယ်ပြပါနဲ့ ရိပေါ်ရာ "

"မင်းကကွာကောင်မလေးတစ်ယောက်ကိုချစ်ကြောင်း ဝန်ခံလိုက်တယ် သူကမင်းနဲ့ရင်းနှီးနေတဲ့သူငယ်ချင်းပဲထား
မင်းကအဲ့လိုဝန်ခံလိုက်တော့ မမုန်းဘူးလားသူမကိုမေးမယ်
သူမကပြောမယ် 'မင်းကတခြားသူမှမဟုတ်တာ´
အဲ့စကားကဘာအဓိပ္ပါယ်လဲ"

မိန်းကလေးသူငယ်ချင်းမရှိတဲ့ငါက ဘယ်သူ့ကိုဖွင့်ပြောရမှာလဲ !
တည့်တိုးပြောလည်းရတဲ့ကိစ္စကို ငါ့ကိုခလုတ်လာတိုက်သွားသေး။

"အဲ့စကားက မင်းကိုမမုန်းဘူးဆိုတဲ့အဓိပ္ပါယ်ပဲလေ တခြားသူသာဆိုမုန်းရင်မုန်းမယ်ဒါပေမဲ့ မင်းကိုယ်တိုင်ဆိုရင်ဘာမှမဖြစ်ဘူး မင်းဖြစ်နေလို့ကိုမမုန်းတာ"

"အဲ့လိုလား "

"အင်း မကြာခင်ကျောင်းကပြီးတော့မယ် မင်းဘယ်မှာအလုပ်ဝင်မှာလဲ"

"ငါက တစ်ကိုယ်တော်ရွက်လွှင့်မယ် သွားပြီ ကျစ်ဟောက် ကျေးဇူးပဲ"

"မင်းကိုစီနီယာမင် ခေါ်ထားတယ်"

လက်နောက်ပြန်ပြရင်း အတန်းထဲကနေထွက်သွားတော့သည်။
ကားဝယ်ဖို့ကြည့်နေတုန်း ဘဏ်အကောင့်ထဲဝင်လာတဲ့ပိုက်ဆံတွေ။
ချက်ချင်းပင်ဖုန်းခေါ်လိုက်ပြီး။

Daddy Villain & His owner Baby Boy [ COMPLETED ]Onde histórias criam vida. Descubra agora