Episode - 34 [ FINAL ]

10.2K 1K 49
                                    

[ Cause I Loved You  ]

ရုပ်တည်နဲ့နောက်ခဲ့ရတဲ့အတွက် ရိပေါ်ပျော်မဆုံးဖြစ်နေလေသည်။ ဒါပေမဲ့လည်း စိတ်ဆိုးတာကတော့အတည်ဖြစ်လေသည်။

ကြည့်မကောင်းပါနဲ့ဆိုပြီး သွားတားလို့မှမရဘဲ။

အာ စာမေးပွဲအတွက်စာလုပ်ရတော့မှာပဲ။

အိတ်ထဲထည့်လာတဲ့ချောကလက်အားထုတ်လို့ တစ်ခုစားလေသည်။

"ခါးလိုက်တာ ရှောင်းကျန့်ရာ"

လက်တွေဘာတွေရောအပူတွေလောင်သေးလား ပြန်တွေးကြည့်မှလက်မှဘာပလာစတာမှ မတွေ့ဘူးပဲ။

စိတ်အေးလက်အေးနဲ့ မိုးမခပင်အောက် လက်နှစ်ဖက်အားခေါင်းခုလို့ လှဲနေလေသည်။

မြင်နေရတဲ့ကြည်လင်နေတဲ့ကောင်းကင်။

တကယ်လို့သူသာ စာအုပ်ထဲကိုသာမရောက်ခဲ့ရင် သေဆုံးမယ့်ဘဝ။ ကောင်းသောရောက်လာခြင်းလို့ပဲ ယူဆကြတာပေါ့။

ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်များဟာ သူနဲ့သက်ဆိုင်သည့်အရာများမဟုတ်ပေ။ တကယ်ဆိုသူကဒီကမ္ဘာတွင် ရှိသင့်သောလူတစ်ယောက်မဟုတ်။

နေရောင်ခြည်နွေးနွေးအားခံယူနေရင်း တွေးတောမိသည်က
တကယ်လို့အခုလိုအနေအထားကနေ ပြန်ပြီးကိုယ့်ကမ္ဘာကိုပြန်ရောက်သွားရင်ရော။

"မဖြစ်နိုင်တာ ဒီကမ္ဘာပေါ်ရောက်နေတာ ဆယ့်ကိုးနှစ်တောင်ကျော်​နေပြီကို"

ကြောင်မြီးလိုရှည်ကျနေတဲ့မိုးမခနွယ်တွေက လေနှင်ရာယိမ်းနွဲ့လို့။ ဘဝသက်တမ်းတွေကတိုပါတယ်။ ရှည်ရှည်ဝေးဝေးမျှော်တွေးမနေဘဲ လက်ရှိကိုသာအကောင်းဆုံးဖြစ်အောင် ကြိုးစားသင့်တယ်။

ဘွဲ့ရပြီးရင်အေဂျင်စီထောင်မယ့်စိတ်ကူးကို ခဏခေါက်ထားပြီး ရှောင်းကျန့်နားနေဦးမှပဲ။ ပြောရင်းနဲ့မှ ဘယ်လိုများဖြစ်နေမလဲမသိဘူး။

အတွဲတွေကိုယ်စီ ကိုယ်စီနဲ့ သွားလာနေသောပန်းခြံထဲတွင် ရိပေါ်တစ်ယောက်တည်းအဖော်မဲ့နေလေသည်။ သို့ပေသိထိုသူကသူ့အတွေးနဲ့သူဖြစ်နေကာ သူ့အားနှိမ်သလိုလို သနားသလိုလို ကြည့်သွားကြသည်ကိုမသိပေ။

Daddy Villain & His owner Baby Boy [ COMPLETED ]Wo Geschichten leben. Entdecke jetzt