[ တစ်ပိုင်းနှစ်ပိုင်းလောက်ပါခွင့်ပေးပါ - ၁ ]
Guests From General & His Husband Cross-dresser.
ရိပေါ်တွေ့ဆုံပွဲတွင်တွေ့ခဲ့သည့် Sam အကြောင်းကိုစဥ်းစားနေသည်။ USတွင်ခင်ခဲ့သည့်သူတစ်ဦးဖြစ်သည်။
Sam မှာသူနဲ့မေဂျာတူဖြစ်သော်လည်း ဘယ်လိုကြောင့်
အခုလိုပွဲတွေတက်နေလဲ စဥ်းစားမရသေးပေ။ယောကျာ်းလေးဖြစ်ပြီးဆံပင်ရှည်ထားကာ ယောကျာ်းမိန်းမမကွဲတဲ့အဝတ်အစားတွေဝတ်သောကြောင့်
မသိတဲ့လူဆိုရင် မိန်းကလေးလို့ပဲထင်မှာကိုးဆယ်ရာခိုင်နှုန်းပင်။သူနဲ့အမြဲတတွဲတွဲရှိသောကြောင့် ချစ်သူတွေလို့တစ်ချို့ကထင်ကြသည်။ ဒါတွေကအရေးမကြီးပါဘူး အရေးကြီးတာသူပြောသွားတဲ့စကား။
Model တစ်ချက်လောက် ဝင်လုပ်ပေးပါဦးတဲ့လေ။
USမှာတုန်းက သူနဲ့သိသည့်လူတစ်ယောက်ရဲ့ဒီဇိုင်းတွေအား ကြော်ငြာဖို့အတွက်ရိုက်ကူးရာတွင် ဝင်ကူခဲ့ဖူးလေသည်။
ပေးရသည့်အချိန်နှင့်မလိုက်ဖက်သည့် လုပ်အားခပါပေးသွားလေသေးသည်။နောက်ပိုင်းအပိုဝင်ငွေရအောင်စာလေ့လာရင်း မော်ဒယ်လုပ်သည်။ ပေကျင်းပြန်ရောက်ကတည်းကမလုပ်ဖြစ်တော့။
မအားလပ်တာကြောင့်ရယ် စိတ်မပါတော့တာကြောင့် ရပ်ခဲ့ခြင်းဖြစ်သည်။
အခုရောဆက်လုပ်သင့်မသင့်ချိန်ရတော့မယ်။ သူကိုယ်ပိုင်ကားတစ်စီးတော့လိုချင်သည်။ စျေးမများရဘဲအသင့်အတင့်ရှိပြီးခရီးဝေးသွားနိုင်မည့် ကားတစ်စီးလောက်။ မွေးရပ်မြေပြန်သွားတဲ့ဦးလေးရိူကို
သွားတွေ့ချင်တာကြောင့် လည်းပါသည်။လက်ရှိပိုက်ဆံနဲ့ကတော့မလောက်ငှပေ။ သူလက်တည့်စမ်းထားသည့်ဟင်းအမယ်တွေနဲ့တင် ကဒ်ထဲကငွေတွေကိုကျဲချပစ်လိုက်သလို။
တွေးနေရင်းနဲ့တောင်ရင်နာလာရသည်။ ဒါပေမဲ့လည်း
ကိစ္စမရှိပါဘူးလေ။"မနက်ဖြန်အတွက်ဘာလုပ်ပေးသင့်လဲ "
စဥ်းစားနေတုန်း ကျီဟောက်ကစကားလာပြောလေသည်။
BINABASA MO ANG
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfiction• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...