[ အဲ့လိုပြောလိုက်ရတော့ မင်းပျော်လား ]
လိုတာထက်ပိုတည်တင်းနေတဲ့ သခင်ကြီးရှောင်းကျန့်ကြောင့်
အိမ်ရှိအစေခံများနှင့်အိမ်ထိန်းမှာလည်း အသက်တောင်ကျယ်ကျယ်မရူရဲ။သူတို့အကုန်လုံးခေါ်ထားပြီး လက်ပိုက်ကြည့်နေတာကြောင့် ဘယ်သူကများ အမှားလုပ်မိပြီလဲဆိုတာကို တွေးတောနေမိသည်။
မနေနိုင်စွာဖြင့်ခိုးကြည့်မိတော့ ကြောက်စရာကောင်းတဲ့မျက်နှာထားကြောင့် စောနကထက်ပိုပြီးခေါင်းငုံ့ထားမိသည်။
"မင်းတို့ရဲ့သခင်ကဘယ်သူလဲ"
"သခင်ကြီးပါ"
"ဒါဆို ရိပေါ်ပြန်လာတာကိုဘာလို့အသိမပေးကြတာလဲ"
"............."
ဘေးကျပ်နံကျပ်အနေအထား အဖြေမှားရင်လည်း အိမ်တော်ကနေကန်ထုတ်ခံရဦးမယ်။ သခင်ကြီးရဲ့စိတ်ဆတ်မှုအနေအထားက ဒီနေ့ကျအမြင့်ဆုံးဖြစ်နေပုံရသည်။
ပိုးဖဲသားအနက်ရောင်အပျော့အား ဝတ်ဆင်ထားသောကြောင့် လည်ပင်းတစ်ဝိုက်အားလှစ်ဟပြနေသလို မြင်လိုက်ရတဲ့အနီကွက်သေးသေးလေးတစ်ကွက်။
ခြင်ကိုက်တာနေမှာပါလေ။
"ဘာလို့ပြန်မဖြေကြတာလဲ"
"..........."
"ဟို ရိပေါ်လေးကအံ့သြအောင်ဆိုပြီး ဆိုပြီးမပြောခိုင်းတာပါ"
"အော် "
လက်ကနာရီကိုကြည့်တော့ ကုမ္ပဏီကို သွားရမည့်အချိန်ရောက်နေလေရာ ထပ်ပြီးမေးမြန်းလည်း ရမည်မဟုတ်တာကြောင့် စိတ်တိုစွာနဲ့ ကုတ်အားယူလို့ ထွက်သွားမည်လုပ်တော့ အိမ်ထိန်းကဆေးဘူးလေးထုတ်ကာဖြင့် တားသည်။
"သခင်ကြီး လည်ပင်းကအနီကွက်ကိုဆေးလိမ်းပေးပါရစေ"
"ဒီသခင်ခြင်ကိုက်အောင် မင်းတို့အိမ်သန့်ရှင်းရေးဘယ်လိုလုပ်လဲ !!"
ရေချိုးခန်းထဲအိပ်ပျော်ကာ ညကြီးညတာအဖျားတက်နေခဲ့တာ သူမဟုတ်ခဲ့သလို။ မနက်ကျဒေါသူပုန်ထနေကာဖြင့် ရှိသမျှလူတွေကိုဆူငေါက်နေတော့သည်။
ESTÁS LEYENDO
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfic• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...