Episode - 10

11.1K 1.4K 37
                                    

[ တစ်ပိုင်းနှစ်ပိုင်းလောက်ပါခွင့်ပေးပါ - ၂ ]

Guests From General & His Husband Cross-Dresser.

•အိပ်နေပြီလား• ဆိုတဲ့စာတစ်စောင်အား မြင်ပြီး စာပြန်မရိုက်ခဲ့ဖြစ်။ အခုထိသူ့ကိုသူမလုံတာလည်းပါသည်။ ဘယ်လို​တောင်အသိစိတ်လွတ်ပြီးမေးခဲ့တဲ့စကားတွေလည်း။

အလုပ်ကိုသာလုပ်နေရင်း ဒါနဲ့ဘယ်လိုပဲစဥ်းစားစဥ်းစား အခုတလောစားနေရတဲ့ဟင်းရဲ့အရသာတွေက ရိပေါ်ချက်နေတယ်လို့စိတ်ကဘာလို့ထင်နေတာလဲ။

လုပ်လက်စအလုပ်တွေကိုတောင်မလုပ်နိုင်ဘူး။ အသိစိတ်မရှိတုန်းပြောခဲ့တဲ့စကားတွေကို ပြန်သတိရသွားတာလည်းပါတယ်။

မိန်းကလေးတစ်ယောက်နဲ့တွဲတွေ့လိုက်ရင် ဖြစ်သွားတဲ့စိတ်ကဘာလဲ။ အဖေတစ်ယောက်က
သူ့သားကိုအိမ်ထောင်မပြုပေးချင်တဲ့စိတ်လား။

အဲ့လိုပဲနေမှာပါ။ ငါပိုင်တဲ့အရာကိုခွဲမပေးချင်ရုံပါပဲ။

ခွဲ မ ပေး ချင် ရုံ !

"ယန်ခဲ့ ဒီနေ့အချိန်ဇယားက"

"သိပ်ပြီးများများစားစားမရှိပါဘူး ဘော့စ် Ria နဲ့တွေ့ဖို့ချိန်းထားတာပဲရှိတာပါ"

"အင်း သူချက်ချင်းဘယ်လိုရောက်လာတာလဲ ငါဖိတ်တုန်းကမအားဘူးပဲငြင်းနေခဲ့တာမဟုတ်ဘူးလား"

"အဲ့ဒါကသူ့ကောင်လေးကြောင့်ရောက်လာရင်း လာတွေ့တာလို့ပြောပါတယ်"

"အဟင်း "

မထင်ခဲ့ဘူး။ ချေမိုးတဲ့လုပ်ငန်းရှင်တစ်ယောက်မှာလည်း ဒီလိုကိစ္စတွေနဲ့ပျော့ညံ့သွားတတ်တာပဲ။

ဘော့စ်မျက်နှာထားကိုကြည့်ပြီး သူများကိုအပြစ်မြင်နေသည်ကိုတွေ့တော့။
ဘော့စ်လည်းဘာထူးတာကျလို့ ( ̄. ̄)

"ဘယ်အချိန်လဲ အခုတောင်ဆယ်နာရီကျော်နေပြီ"

"နေ့လည်စာထမင်းစားချိန်တွေ့မယ်ပြောထားတာ ကျွန်တော်တို့ကြိုသွားနှင့်မလား"

"သွားမယ်"

XZ နဲ့အနည်းငယ်လှမ်းသည့်နေရာတွင်ရှိသော SR Hotel.
တော်ရုံတန်ရုံမတည်းခိုနိုင်သည့်နေရာ။ သို့ပေမဲ့လည်း SRကအများကိုငဲ့ကာ လူတန်းစားမရွေးတည်းခိုနိုင်အောင် သက်သက်ဖွင့်ထားပေးသည်။ ရှောင်းကျန့်သွားမည့်နေရာကတော့ SR ရဲ့နာမည်ကြီးနေရာသို့သာ။

Daddy Villain & His owner Baby Boy [ COMPLETED ]Donde viven las historias. Descúbrelo ahora