[ အသက်ပြည့်တာနဲ့အရက်သောက်တယ် ]
အိပ်ဖို့လုပ်ခဲ့ပေမဲ့ ထိုသြရှရှအသံကြောင့် အိပ်ချင်စိတ်တွေပြေသွားရသည်။ ငါကိုယ်တိုင်လည်းပြောတတ်ပါတယ်။ ဒါပေမဲ့ဒီလိုလေသံမျိုးထွက်မလာပါဘူး။
မသိရင် ပလေးဘွိုင်းအသံလိုပဲ။ စိတ်ထိန်း မင်းကသူ့ရဲ့မွေးစားဖေဖေ ချီးကို ငါ့ကိုမွေးစားဖေဖေမဟုတ်တော့ဘူးလို့ပြောသွားတယ်။
အိပ်ရမယ် အိပ်ရမယ် ။
အိပ်ရာထဲအတင်းတိုးဝင်ပြီးအိပ်စက်တော့လည်း မျက်လုံးကြောင်နေလေသည်။ စိတ်ကိုလျော့ကာဖြင့်ထပ်အိပ်ကြည့်သည်။ မရတဲ့အဆုံး လေသာပြတင်းပေါက်ကိုဖွင့်ကာဖြင့် ဆေးလိပ်ထွက်သောက်ရတော့သည်။
ဆေးလိပ်တစ်လိပ်ကနေ နှစ်လိပ် တဖြည်းဖြည်းများလာတဲ့အရေအတွက်တွေနဲ့အတူ
အရုဏ်တက်ကိုတောင်ရောက်လာတော့သည်။ထပ်သောက်မည်လုပ်တော့ ဆေးလိပ်မှာမရှိတော့ပေ။
ရေဆာတာကြောင့်အခန်းထဲရှိနေသည့် ရေခရားထဲကရေသောက်မည်လုပ်တော့ ကုန်နေလေသည်။
ရေခရားကိုယူကာဖြင့် အောက်ထပ်သို့ဆင်းလာခဲ့သည်။
မိုးမလင်းသေးတာကြောင့် တိတ်ဆိတ်နေသောအိမ်။
မှိန်ပျပျအလင်းရောင်ရှိတာကြောင့် မီးထပ်မဖွင့်တော့ဘဲ
စားဖိုဆောင်ထဲသို့ဝင်လာတော့ လူတစ်ယောက်ကဟင်းချက်နေသယောင်။အိမ်ထိန်းဟုထင်ကာ သတိပေးစကားပြောလိုက်သည်။
"အသက်တွေလည်းကြီးနေပြီ ကိုယ့်ကိုဂရုမစိုက်ဘဲ အစောကြီးထချက်ပြီးဘယ်သူတွေကိုဝေမလို့လဲ"
ရေထည့်ပြီး အခန်းထဲသို့ပြန်သွားလေသည်။ သူအရွယ်ရောက်ကတည်းကထိန်းလာသော သူကြောင့်
ထိုလူကိုအတော်အသင့်တော့ သံယောဇဉ်ရှိလေသည်။သူကကျေးဇူးမသိတတ်တဲ့ဝက်ပေါက်စလိုမဟုတ်ဘူး။
မနက်လည်းရောက်တော့မည်ဖြစ်ရာ ရေချိုးသန့်စင်ပြီး ဝတ်စုံပြည့်မဝတ်ခင် Bathrobe နဲ့ဝတ်ပြီး weibo ခဏသုံးနေလိုက်သည်။
မြင်နေရတဲ့ကုမ္ပဏီရဲ့ပုံရိပ်က
အတော်အသင့်ကောင်းနေလေသည်။ မဆိုးပါဘူး ။
ဒီလိုပဲပုံမှန်အတိုင်းလေးပဲကောင်းတယ် ရုတ်တရက်နာမည်ထကြီးပြီး ပြစ်ချက်ရှာတွေ့တာနဲ့ အရင်ကဘယ်လောက်ကောင်းတဲ့ပစ္စည်းပဲ ဖြစ်နေပါစေ အလွှင့်ပစ်ခံရမှာပဲ။ လူတွေလည်းဒီလိုပဲပေါ့။
BINABASA MO ANG
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfiction• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...