BGM : I LIKE YOU (EXO)[ မင်းတစ်ယောက်တည်းပဲရှိတဲ့ကိုယ့်ရဲ့နှလုံးသား - ၁]
ရိပေါ် အိပ်ပျော်နေတဲ့
ရှောင်းကျန့်ရဲ့ဘေးတစ်စောင်းမျက်နှာအား မေးထောက်ကာကြည့်နေလေသည်။မျက်လုံးနားထိရောက်နေတဲ့ဆံပင်တွေအား လက်လေးနဲ့အသာဖယ်ပေးလို့ နဖူးအားနမ်းမိသည်။
ကြည့်ရတာနမ်းတာကိုအကျင့်ပါပြီထင်ပါရဲ့။
မနေ့ကအဖြစ်အပျက်အားတွေးမိတော့ မျောက်အုန်းသီးရသည်ထက်ဆိုးကာ တီကောင်ဆားပက်သလို အိုးဟိုးဟိုး အပျော်လွန်ပြီးအကောင်တွေနဲ့ဥပမာပေးမိကုန်ပြီ။
အခုထိနိုးမည့်ပုံမရသေးတာကြောင့် အရင်ထလိုက်ပြီး သောင်းကျန်းထားတဲ့အိပ်ရာခင်းတွေကိုလျော်ဖို့ လုပ်လိုက်သည်။ အချစ်နံ့တွေ အင်းပေါ့ကဗျာဆန်ဆန်ပဲပြောမယ်။
မွှန်ထူနေတဲ့အခန်းကို မွှေးကြိုင်အောင် spray ဘူးကိုင်ပြီးလိုက်ဖျန်းလိုက်တယ်။ ဝတ်စရာမရှိတာကြောင့် ရှောင်းကျန့်အခန်းထဲသို့သွားကာ ရှိတဲ့ဝတ်စုံကိုထုတ်ဝတ်လိုက်သည်။
ငါ့ထက်မဆိုသလောက်ပဲအရပ်ရှည်ပြီး လူကျပိန်နေတာပဲ။
အရင်ဆုံးရှည်နေတဲ့အင်္ကျီလက်နဲ့ဘောင်းဘီစကို
ခေါက်တင်လိုက်တယ်။ နောက်တော့အိပ်ရာခင်းတွေသယ်ပြီး လျော်ဖွပ်တော့သည်။ ဘယ်သူကိုမှပေးမသိချင်ပါဘူး။အခြောက်ခံစက်ထဲထည့်ထားပြီးထွက်လာတော့ အိပ်ရာထက်ကလူကခုထိအိပ်မောကျနေတုန်း။
"ဖျားနေတာများလား"
စိတ်ပူစွာနဲ့နဖူးကိုစမ်းကြည့်တော့ အပူငွေ့နည်းနည်းရနေလေသည်။
"ဒီလောက်ဂရုစိုက်ခဲ့ရဲ့သားနဲ့ "
ဖုန်းကိုဖွင့်လို့ ဒီလိုဒီလိုတွေဖြစ်ပြီးဘာဆေးသောက်သင့်လဲ ရှာလိုက်သည်။ အဖျားကျဆေးရယ်အကိုက်ခဲပျောက်ဆေးရယ်။
ရုံးသွားဖို့ကိုတားမှပဲ နာရီကိုကြည့်တော့ခုနှစ်နာရီခွဲနေလေသည်။
အကိုယန်ခဲ့ကိုဖုန်းဆက်လို့ အရေးကြီးသည့်ကိစ္စရှိမရှိ တစ်ချက်မေးမြန်းလိုက်သည်။
YOU ARE READING
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfiction• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...