သတိပေးချက် : ရည်းစားမရှိပါကတစ်ရူးဆောင်ပါ။
[ ခပ်မိုက်မိုက်အနမ်း ?? ]
အရုပ်ကောက်ရာတွင်တော့ ရိပေါ်ကို ရှောင်းကျန့်မနိုင်တော့ပေ။
"သရေပဲနော်"
"ထားပါတော့ မင်းဒီအရုပ်တွေအများကြီး အိမ်ပြန်သယ်မလို့လား"
"မသယ်ပါဘူး ပြန်ရောင်းစားကြမလား"
"အလုပ်မဟုတ်တာတွေ "
"စတာပါ "
"ဒါဆိုမင်းဘာလုပ်မှာလဲ "
"အိမ်ကိုယူသွားမယ်လေ ကလေးတွေကိုအရုပ်ဝေပေးလို့ရမယ့် နေရာရှိတယ်"
"အဲ့အရုပ်တွေမင်းသယ် ငါမသယ်ဘူး"
"ကျွန်တော်လည်းမသယ်ခိုင်းပါဘူး"
အိတ်တစ်လုံးအပြည့်ဖြစ်နေသော အရုပ်တွေအား သေချာထည့်ကာ အိတ်ကိုချည်လို့ရိပေါ်ပိုက်လာရသည်။
"တစ်ခုခုစားဦးမလား "
"စားချင်တာကမရှိဘူး နွေရာသီဆိုတော့ရေခဲမုန့်စားသင့်တယ် အခုအသစ်ထွက်ထားတဲ့ သရက်သီးရေခဲမုန့်ကတော်တော်စားကောင်းတယ်ပြောတယ် ကျွန်တော်တို့စားကြည့်ရအောင် ဒုတိယအထပ်မှာ လာ"
အရုပ်အိတ်အားတစ်ဖက်ကပိုက်လျက် လက်တစ်ဖက်ကရှောင်းကျန့်အားဆွဲလျက် ဓာတ်လှေကားစီးရန်ကြိုးစားတော့သည်။
ပိတ်ရက်ဖြစ်ကာ လူများသောကြောင့် ဓာတ်လှေကားစီးရာတွင် အရုပ်အိတ်ပိုက်ထားသောရိပေါ်မှာ အခက်ကြုံရတော့သည်။
ရိပေါ်ရှေ့သို့ထောက်ထားသည့်လက်တစ်ဖက်။
တကယ်ဆိုရှောင်းကျန့် တော်တော်ဒေါကန်နေပြီဖြစ်သည်။
တိုးလှပါသောလူတွေ လူများသည်ကိုမုန်းသော်လည်း ဝက်ပေါက်စကြောင့်အတော်ကိုသည်းခံနေလေရသည်။ဓာတ်လှေကားထဲထွက်တော့ ရှောင်းကျန့်မျက်နှာသုန်မှုန်နေလေသည်။
"ရှောင်းကျန့် "
စိတ်ရှိလက်ရှိပါးနှစ်ဖက်အားဆွဲလိုက်ပြီး ဒေါသဖြေဖျောက်လိုက်သည်။
ŞİMDİ OKUDUĞUN
Daddy Villain & His owner Baby Boy [ COMPLETED ]
Hayran Kurgu• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...