[ နည်းနည်းလောက် ပိုင်ဆိုင်ကြည့်မလား ]
XZ ဆိုသည့်ထင်ရှားသောစာလုံးပါရှိသော အထပ်မြင့်အဆောက်အအုံတစ်ခုရဲ့ ကားပါကင်ထဲသို့ရိပေါ်မောင်းဝင်လာခဲ့သည်။
ကုမ္ပဏီရှေ့မျက်နှာစာမှ မဝင်သွားဘဲ မြေအောက်ကားပါကင်ရှိဓာတ်လှေကားထဲမှနေ မိမိရဲ့ရုံးခန်းသို့သွားလေသည်။
ဘာရယ်မဟုတ်ဘူး။ ဒီနေ့ကျမှဓာတ်လှေကားစီးချင်နေလို့။
ဘေးနားရှိသူကတော့ အေးဆေးဖြစ်နေသလောက် သူကတော့ရင်ထဲတွင်တစ်ခုခုပိနေသလို။
ဒီနေ့ကျမှ နွေရာသီထုတ်ကုန်အတွက် ပရောဂျက်လုပ်တဲ့ဋ္ဌာနနဲ့ မားကတ်တင်းဋ္ဌာနတို့ကို မီတင်ခေါ်ထားလေသည်။မိမိလက်အောက်ရှိ အထွေထွေမန်နေဂျာကို ထုတ်ကုန်အတွက် အစီရင်ခံစာတင်ခိုင်းထားတာကြောင့် သိပ်ပြီးထွေထူးလုပ်စရာမလို တစ်ခါတည်းမီတင်ခန်းထဲသွားရုံပင်။
လက်ထောက်ဖြစ်တဲ့ယန်ခဲ့ကအမြဲသူသွားရာလိုက်ရပေမဲ့ အစားဝင်လာတဲ့ဒီဝက်ပေါက်စကို မီတင်ခန်းထဲမခေါ်ချင်ဘူး ဖြစ်နေတယ်။
တိုက်ဆိုင်စွာနဲ့ဒီနေ့မှသူ့ကုတ်နဲ့အရောင်ဆင်တူနေရာ ဆက်ခံသူခေါ်လာသည့်ပုံဖြစ်နေလေသည်။
မီတင်ခန်းထဲမရောက်ခင် အထွေထွေမန်နေဂျာပေးသော အစီရင်ခံစာကိုတစ်ချက်ဖတ်နေရင်း ဝက်ပေါက်စကို ကြည့်သည်။
"မင်းမီတင်ခန်းထဲထိလိုက်မလို့လား"
"မလိုက်စေချင်ရင် အပေါ်ပြန်တက်သွားလိုက်မယ် "
"ကောင်းတယ် သွားလိုက် "
"အင်း"
အထွေထွေမန်နေဂျာမှာထိုလူငယ်အား ရင်းနှီးသလိုရှိပေမဲ့ မရင်းနှီးတာကြောင့် ဘော့စ်ကိုသာအာရုံစိုက်လိုက်တော့သည်။
မီတင်ခန်းထဲရှိစားပွဲရှည်ရဲ့ထိပ်ဆုံးထိုင်ခုံတွင် ဝင်ထိုင်ကာဖြင့်။
"စလို့ရပြီ"
ပရော်ဂျက်တာတွင်ပြသသည့်ရှင်းလင်းချက်များကို နားထောင်ရင်း အဆင်မပြေသည့်အခါထောက်ပြကာဖြင့် အပြိုင်အဆိုင်ဆွေးနွေးလျက်ရှိသည်။
YOU ARE READING
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfiction• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...