[ Merry Christmas ]
ပထမဆုံးအတူတူဖြတ်သန်းရမယ့်ခရစ်စမတ်နေ့ ရိပေါ်တစ်ယောက်စိတ်လှုပ်ရှားကာ ဘယ်လိုမျိုးစောင့်ကြိုနေရမလဲဆိုတာကို တွေးပြီးပျော်ရွှင်နေမိသည်။
ခရစ်စမတ်အတွက်အရေးကြီးတာက ခရစ်စမတ်သစ်ပင် !
ထင်းရှူးပင်ကိုဘယ်ကနေသွားမှာရမလဲ။ ကိုယ့်အတွေးနဲ့ကိုယ်ဖြစ်နေတာ နောက်တွင်ရှောင်းကျန့်ရောက်နေသည်ကို မသိပေ။စာအုပ်တစ်အုပ် ၊ ဘောပင်တစ်ချောင်းနဲ့ပျာယာခတ်နေတဲ့ ရိပေါ်ကို ရှောင်းကျန့်အသံတိတ်စောင့်ကြည့်နေလေသည်။ ဘာတွေများလုပ်မလို့လဲဆိုပြီး သိချင်စိတ်နဲ့ရှေ့သို့တိုးကာကြည့်မိတော့ မိမိဘက်သို့လှည့်လာတဲ့ရိပေါ်။
"အား "
ရိပေါ်နောက်သို့လှည့်လာတော့ မြင်လိုက်ရတဲ့ရှောင်းကျန့်ရဲ့ မျက်နှာကြောင့်လန့်သွားကာ ထအော်မိလေသည်။ ရေးလက်စစာအုပ်ကိုအလျင်အမြန်ပိတ်လို့ နောက်သို့ဖွက်လိုက်ရလေသည်။
"ငါကသရဲနဲ့တူနေလို့လား "
"မဟုတ်ပါဘူး အသံမပေးဘာမပေးနဲ့ ရုတ်တရက်ဆိုတော့လန့်သွားတာ ဘာလိုချင်လို့လဲ "
"မင်းအခန်းထဲမှာငါကဘာလိုချင်ရမှာလဲ"
"အာ ဟုတ်သားပဲ ဒါနဲ့ အလုပ်မသွားရဘူးလား "
"ဖိုင်တစ်ခုကျန်ခဲ့လို့ပြန်လာယူတာ "
"ဖုန်းဆက်လိုက်တာမဟုတ်ဘူး ကျွန်တော်ယူလာပေးမှာပေါ့"
ငါဖုန်းဆက်ရင်မင်းကလာမယ် မင်းရောက်လာရင် အသားလွတ်မင်းကိုငမ်းနေမယ့်လူတွေရှိတဲ့ကိစ္စကို ငါကလုပ်စရာလား !
"လမ်းသင့်လို့ဝင်ယူရုံပဲ ငါသွားတော့မယ် "
"နေဦး နေ့လည်စာပါယူသွားပါလား ကျွန်တော်လာပို့မလို့ပဲစောသေးတာနဲ့"
"ပေးလေ "
"အင်း "
သေချာထုပ်ပိုးထားသည့်ထမင်းဘူးလေးကို ကမ်းပေးလာသည့်အခါ လက်ခလယ်ထက် မြင်ရသည့်လက်စွပ်ကြောင့် ဘာကိုဂုဏ်ယူချင်လို့ဂုဏ်ယူချင်မှန်းမသိ။
VOUS LISEZ
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfiction• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...