[ ရှောင်းကျန့် ကျွန်တော်ခင်ဗျားကိုပါးပါးအဖြစ်ကနေ စွန့်လွှတ်လိုက်ပြီ ]
သူ့ထက်စင်တီမီတာအနည်းငယ်သာပုတဲ့ ထိုသူ။ မဟုတ်ဘူး ဝက်ပေါက်စ။ အရင်ကမြင်ခဲ့ရတဲ့
ပါးဖောင်းဖောင်းတွေကပျောက်လျလို့ ထိုအစား သွယ်လျသောမေးရိုးနှင့် ယောကျာ်းဆန်မှုတွေက ရိပေါ်ရဲ့မျက်နှာပေါ်တွင် နေရာယူထားသည်။အရေးကြီးတာ အရေးကြီးတာက ငါသူ့ကိုပြန်တွေ့ဖို့ ဘာမှမပြင်ဆင်ထားတာ အား !
ရှက်သည်ကတစ်ကြောင်း ထိုသူအပေါ်စိတ်နာနေသည်ကတစ်ကြောင်း ပစ်ထားခဲ့ကာ လှပလွန်းတဲ့နေရာကနေထွက်လာခဲ့သည်။
"ဒါက ဒါက ဟေ့ ရှောင်းကျန့် ဘယ်လိုဖြစ်လို့ ထွက်သွားတာလဲ"
အံ့ဩစေချင်လို့ လေယာဥ်နဲ့ဘယ်သူမှမသိအောင် ပြန်လာမယ့်နေ့ထက်စောပြီး ပြန်လာတာကို ရလဒ်ကအခုလိုထွက်သွားဖို့လား။
ထွက်သွားတဲ့လူရဲ့လက်ကိုဆွဲတော့ ပစ်ပစ်ခါခါ ခါချခံလိုက်ရလေသည်။ အရင်လိုအားတွေသန်နေတုန်း။
ဒါလားအသက်သုံးဆယ်ကျော် တည်ငြိမ်တဲ့အရွယ်ဆိုတာ။"အိမ်ကိုဒီတိုင်းလမ်းလျောက်ပြန်မလို့လား ဟေ့လူ ရှောင်းကျန့် ဒီနေရာကအိမ်နဲ့အဝေးကြီးနော်"
မရောက်တာကြာတဲ့ပေကျင်းမြို့ထဲမှာမှ လှတဲ့နေရာမနည်းရွေးထားရတာကို ဘေးဘီတောင်မကြည့်ဘဲ ပြန်နေတဲ့သူ။
ခြေတံရှည်တွေအားကိုးနဲ့မပြေးရုံတမယ် သွားနေတဲ့လူရဲ့နောက်ကို ရိပေါ်ပြေးလိုက်ရသည်။
ပြေးနေရင်းနဲ့မှ အရင်ကလည်းဒီလိုမျိုးပြေးလိုက်ရဖူးသည်ကို
သတိရသွားတော့ ပြုံးမိသည်။"နေပါဦး ပြောစရာရှိလို့ ခေါ်လာတာကို ဘာလို့ထွက်ပြေးနေတာလဲ"
သူရှောင်ပြေးနေသည့် ထိုစကားကိုကြားလိုက်တော့ ရိပေါ်ကိုရိုက်ချင်နေသည့်အကြည့်တွေဖြင့်။
"အရင်ထွက်ပြေးတာမင်းမဟုတ်ဘူးလား"
မင်းမေငလူး ငါဘယ်လိုတောင် တွေးနေတဲ့စကားကအပြင်ကိုထွက်ကျလာရတာလဲ !!
ပြုံးပြုံးလေးနေနေသော ရိပေါ်မှာတော့။
"ထွက်သွားတာမဟုတ်ဘူး ကျောင်းတက်ဖို့သွားတာလေ အကိုယန်ခဲ့မပြောဘူးလား"
ESTÁS LEYENDO
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfic• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...