BGM : Tonight (Best You Ever Had) - John Legend ft. Ludacris
[ Tonight , Tonight's - 1 ]
"(Leo မင်းနှုတ်ခမ်းကဘာဖြစ်လာတာလဲ)"
ဖူးယောင်နေတဲ့နှုတ်ခမ်းပေါ်မှသွေးစို့သောဒဏ်ရာ။
ရှောင်းကျန့်ကတော့ တစ်ဖက်သို့လှည့်နေပေမဲ့ ဘေးစောင်းမြင်ရတဲ့နှုတ်ခမ်းက တော်တော်ရဲနေသလားလို့။
"(ဒီတိုင်းပန်းခြံထဲမှာအကောင်ကိုက်လိုက်လို့) "
"(ဒီလိုအကောင်လား) "
ရိပေါ် ပိုးဟပ်တို့လိုအကောင်သေးသေးလေးတွေ
ကြောက်တယ်ဆိုတာမေ့ပြီး Samထုတ်ပြလာတော့သည်။"အား !"
ဘေးနားရှိရှောင်းကျန့်ပေါ်သို့
မခုန်တက်ရုံတမယ်ဖက်တွယ်ထားလေသည်။"ရှောင်းကျန့် အဲ့အကောင်ကြီးနဲ့ဝေးရာသွားရအောင် သွားရအောင်လို့"
"(Leo ဒါကနှံကောင်သေးသေးလေးပါ ငါတကူးတကရှာဝယ်ထားရတာကို)"
"(မင်းဝေးဝေးသွားစမ်းပါ အဲ့အကောင်ပလောင်စုတဲ့အကျင့်ကလည်း သွား သွား)"
ရှောင်းကျန့်နောက်ရပ်ကာခါးကိုဖက်ထားရင်း Samကိုနှင်ထုတ်နေလေသည်။
"(Sam ကိုယ့်ကိုခဏပေး)"
"ရှောင်းကျန့် မလုပ်ရဘူးလေ မလုပ်ကောင်းဘူး"
လူကိုငဲ့ကြည့်ကာပြုံးလာသည့်အပြုံးက ကြောက်စရာ။
"ရှောင်းကျန့်အပြုံးကဘာကိုဆိုလို အား အမေရေ !!"
ဖန်ဘူးလေးထဲကအကောင်အားထုတ်ယူလို့ ရိပေါ်ရှေ့ယူပြသောကြောင့် ထွက်မပြေးဘဲအော်နေခြင်းဖြစ်သည်။
အမှန်အတိုင်းပြောရရင် သိပ်ပြီးမကြောက်ဘူး ဒါကဘယ်လိုပြောရမလဲ ပြောပြလည်းနားလည်မှာမဟုတ်လောက်ဘူး။
မျက်လုံးကြီးမှိတ်ကာ ရှောင်းကျန့်ခါးကိုသာတင်းတင်းကြပ်ကြပ်ဖက်ထားလေသည်။
စတာနဲ့ပြန်ရတာနဲ့ကမမျှတတာသိသွားသော ရှောင်းကျန့်က Samကိုပြန်ပေးလိုက်ပြီး လက်ကိုမရမကဖြုတ်နေလေသည်။
"ရိပေါ်လွှတ်စမ်း ! "
"ကျွန်တော်လွှတ်ပေးရင် အကောင်နဲ့လိုက်စမှာပေါ့ "
ESTÁS LEYENDO
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfic• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...