[ နက်ခ်တိုင်ကအသုံးဝင်တဲ့နေရာရှိသား ]
ဝမ်ရိပေါ်ရဲ့ပါးပါးလို့ခေါ်သံကြောင့် စတူဒီယိုထဲရှိသောလူတစ်ချို့တစ်ဝက်က စကားတွေတိုးတိုးတိတ်တိတ်ပြောကြတော့သည်။
"ဟဲ့ အဲ့ဒါငါတို့ရဲ့ဘော့စ်အသေးလေးမဟုတ်ဘူးလား "
"ချောလာလိုက်တာ ငါထင်တယ် အဲ့တာကြောင့် မြင်ဖူးနေပါတယ်လို့"
"ကျွန်မကိုလည်းပြောပြ ပြောပြ ဘာတွေလဲဟင် "
"ဒါကဒီလို ******"
"ဟဲ့ရေ တော်တော့ တော်တော့ ဘော့စ်ရဲ့မျက်နှာကိုကြည့်ကြပါဦး ငါတို့ကိုအလုပ်ဖြုတ်တော့မှာလားမသိဘူး တိတ်တိတ်နေကြတော့"
"ဟုတ်ပြီ တိုးတိုးနေမယ် ဒါပေမဲ့ဟာသိလား ဘော့စ်အသေးလေးကဟာ !#&%"
ကျွတ်စီကျွတ်စီဖြစ်နေတဲ့လူတွေကိုလည်း စိတ်မဝင်စား ရှောင်းကျန့်သိသည်က သူ့ရှေ့မြင်ကွင်းတွင်
ပူးကပ်နေတဲ့နှစ်ယောက် ပုံစံအမျိုးမျိုးနဲ့ရိုက်ကူးနေတာကို မြင်တယ် သိတယ် ဒါပေမဲ့စိတ်ထဲတော့ ဘဝင်မကျ။ထိုမိန်းကလေးရဲ့လက်က ဝက်ပေါက်စရဲ့ပုခုံးပေါ် ဝက်ပေါက်စရဲ့လက်ကလည်းထိုမိန်းကလေးရဲ့ခါးထက်
မြင်နေရတာတွေကထောင့်မကျိုးလိုက်တာ။ရှောင်းကျန့်ပဲကမ္ဘာပျက်နေတာပဲမဟုတ်ဘဲ အစမ်းရိုက်ကူးနေတဲ့နှစ်ယောက်ကလည်း အပြုံးတွေကြားရန်သတ်နေလေသည်။
•နင်သာမရှိရင်ဘော့စ်ရှောင်းနဲ့တွဲရမှာ•
•ဆယ်နှစ်လောက်ကြိုးစားလိုက်ပါဦး•
အပြုံးတွေမပျက်သလို အကြည့်ချင်းလည်းစစ်ခင်းနေကြသေးသည်။
•မုန်းဖို့ကောင်းလိုက်တဲ့လူပဲ •
•မင်းကလည်းချစ်ဖို့ကောင်းမနေပါဘူး•
"Cut Cut Cut !!!!!"
ဒါရိုက်တာရဲ့စကားကိုလည်းမကြား နှစ်ယောက်သားအကြည့်ချင်းဆုံနေသည်ကို ရှောင်းကျန့် အထင်လွဲစပြုနေလေသည်။
"Cut !!!!"
"ဘာလို့လဲ စိတ်တိုင်းမကျလို့လား "
ESTÁS LEYENDO
Daddy Villain & His owner Baby Boy [ COMPLETED ]
Fanfic• NOT TRANSLATION • This is Season 2 for Book-1 Adoption of Daddy Villain (ဗီလိန်ဖေဖေအားမွေးစားခြင်း )and Book - 2 Rebirth : Am I Not Dead Yet? "ကဲပြော ကျွန်တော့်ကိုတွေ့တော့မပျော်ဘူးလား" "မပျော်ဘူး " Unicode + Zawgyi Warning : When story is comple...