ခေတ်မီသေသပ်ပြီး လှပတဲ့အိမ်ကြီးပေမယ့်
ခြောက်ကပ်နေတယ်။အိမ်ကြီးလိုပဲ ကျနော့်ဘဝလည်း ခြောက်ကပ်ကပ်
ီ အထီးကျန်မှုအပြည့်။' ကော..ကော..ထပါအုံး..'
အိပ်နေတာကို အတင်းလာနှိုးတဲ့ ယီကျိုးကို မျက်စိဖွင့်ချင်
မဖွင့်ချင်နဲ့ မျက်မှောင်ကြုတ်ကြည့်လိုက်တယ်။အိပ်ရေးမဝ တဲ့အထဲ။'ဘာလဲကွာ..ပြော..ပြော..'
ဘုတောတောလိုက်တော့ ယီကျိုး ခပ်ကုပ်ကုပ်လေးဖြစ်သွား တယ်။သူ့ကောအကြောင်း သူအသိဆုံး။တခြားအချိန်ဆို စိတ်ဆိုးတာမျိုး သိပ်မရှိပေမယ့် အိပ်ရေးမဝတဲ့အချိန် လာနိုးရင်တော့ ဒေါသထွက်တတ်တယ်။ဒါပေမယ့်ကိုယ်လည်း အပျော်လွန်သွားတာကိုး။
'ပြောစရာရှိတာပြော..အဲ့ရုပ်က ဘာဖြစ်နေတာလဲ'
'ဟို ကျနော်တို့အတန်းမှာ ဒီနေ့လူသစ်ပြောင်းလာတယ်'မရဲတရဲလေးနဲ့ ပြောလာပုံကိုကြည့်ပြီး စိတ်ပျက်သလို ကျစ်ခနဲ စုတ်တချက်သပ်မိတယ်။ကျောင်းသားသစ်ပြောင်းလာတာနဲ့ပဲ အိပ်နေတာကို လာနှိုးရတယ်လို့။ မနေ့ညက မိုးလင်းပေါက်ကဲထားလို့ ဒီနေ့ အတန်းမတက်ဘဲ အိပ်နေပါတယ်ဆိုမှ။
'ငါပြန်အိပ်မလို့.. ပြန်တော့ '
'ဟုတ်..'ပြောပြီး စောင်ခြုံကွေးသွားတဲ့ ကောကိုကြည့်ပြီးအခန်းထဲက ပြန်ထွက်သွားလိုက်တယ်။
ဟုတ်ကဲ့..
ကျနော့်နာမည် ဝမ်ယီကျိုးပါ.....
အသက် ၁၈နှစ်..Computer Science 2nd yrsပါ
ကျနော့်မှာ မောင်နှမဆိုလို့ ဝမ်းကွဲအစ်ကို တယောက်ပဲရှိတာမို့ သူ့ကိုတော့ တကယ်တွယ်တာမိတယ်။ဒါပေမယ့် ကျနော် အစ်ကိုတော့ အမြဲအေးစက်စက်နဲ့ ခပ်တည်တည်ပဲနေတတ်တယ်။ တခါတလေ စကားပြောရင် ဘုကန့်လန့်နဲ့ လုပ်ချင်ရာကို တဇွတ်ထိုးလည်း လုပ်တတ်ပါသေးတယ်။မယုံနိုင်စရာ
တခုက သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ ရှားရှားပါးပါး သူငယ်ချင်း တယောက် ရှိတာပဲ။အထီးကျန်တဲ့ သူ့ဘဝကို ကျနော်နားလည်တယ်။ စီးပွားရေး ကိုပဲ ဦးစားပေးတဲ့ ဦးလေးနဲ့ အဒေါ်က သူ့အတွက်အချိန် သိပ် မပေးနိုင်တော့ နွေးထွေးမှုတွေမရဘဲ အထီးကျန်မှာပေါ့။ဒါကြောင့်လည်း ကျနော်အမြဲတွေးဖူးတယ် ကျနော်မဟုတ်တောင် တယောကယောက်က အဲဒီဒဏ်တွေကနေ ဆွဲထုတ် သွားနိုင်ခဲ့ရင် သိပ်ကောင်းမယ်လို့။
ကျနော့်ရဲ့ တဦးတည်းသော ဝမ်းကွဲအစ်ကိုကတော့...
ကျနော်'ကော'လို့ခေါ်တဲ့ 'ဝမ်ရိပေါ်'ပါပဲ။----------------------------------------------------------
YOU ARE READING
Hăo Jiŭ Bù Jiàn(好久不见)(Completed )