part 29

1.9K 140 2
                                    

<Unicode>
ကားပေါ်က ဆင်းပြီး အိတ်လေးတောင် သယ်မပေးဘဲ အိမ်ထဲဝင်သွားတဲ့ ရိပေါ်ကို ကြည့်ပြီး ယီကျိုး မျက်စောင်းထိုးတယ်။ပြန်လာတဲ့ လမ်းတလျှောက်လား သူ့မှာ ဘယ်အချိန် ယာဥ်ထိန်းရဲတွေနဲ့ ညှိမလဲ ရင်တမမနဲ့လိုက်လာရတယ်။ဘာတဲ့..ငါ့ဘေဘီက အိပ်ယာနိုးတာနဲ့ မတွေ့ရင် တနေ့လုံး စိတ်ကောက်လိမ့်မယ်တဲ့။ကားစီးနေလား..ဒုံးကျည်စီးနေတာလား မသဲကွဲဘူး။ ဘယ်ချိန် flight နဲ့ ပြန်လာပါလို့ ပြောခဲ့တာလည်းသူပါပဲ။

ရိပေါ်ရဲ့ ဘေဘီ မနိုးပါစေနဲ့ ဆိုတဲ့ဆုတောင်းက မပြည့်ခဲ့ပါဘူး။အိပ်ခန်းတံခါးကို အသာလေးဖွင့်ကာ ဝင်လာတာနဲ့ ကုတင်ပေါ်ငုတ်တုတ်ထိုင်လို့ စူပုတ်နေတဲ့ကောင်လေးက ဆီးကြိုနေတယ်။

' ဘေဘီ..ကိုယ့် အသဲလေး..´

ချွဲချွဲပျစ်ပျစ်လေသံနဲ့ ခေါ်လိုက်တော့ တချက်လေးတောင်မကြည့်ဘဲ တဖက်ကိုလှည့်ပြီး ကျောပေးထားလိုက်တယ်။စကားတခွန်းမှ ပြန်မပြောပုံထောက်ရင် တော်တော် ချော့ရတော့မယ်ထင်။

' ဘေဘီ..မျက်နှာမသစ်သေးဘူးမလား..လာ..ကိုယ်လုပ်ပေးမယ် ´

အနားကိုရောက်လာပြီး ခေါ်ဖို့လုပ်တော့ ကိုယ့်ဘာသာကိုယ်ပဲ ကုတင်ပေါ်ကဆင်းပြီး ဘောက်ဆတ်ဆတ်နဲ့ ရေချိုးခန်းထဲ ဝင်သွားတာမို့ ရိပေါ် ခေါင်းကုတ်ရင်း ကျန်ခဲ့တယ်။အမှန်တိုင်းပြောပြီး ရှင်းပြလို့လည်းမဖြစ်တော့...

နှစ်ယောက်အတူနေတာ တနှစ်ကျော်တာတောင် ခုချိန်ထိ ရှက်တတ်လွန်းတဲ့ ကောင်လေးက ရေချိုးခန်းထဲက ထွက်လာပြီး ရိပေါ်ရှေ့မှာတင် အဝတ်အစား လှဲနေတာမို့ အကြည့်လွှဲထားမိတယ်။ဒါ ကောင်လေးက သူ့ကိုတမင်ဆွနေတာ။တကယ်စိတ်မထိန်းနိုင်လို့ အချစ်စစ်ခင်းမိရင်လည်း ၂ ထပ်ကွမ်းစိတ်စိတ်ဆိုးသွားမှာက ဗေဒင်မေးစရာတောင်မလိုဘူးဆိုတာ သိနေတော့။

ဘယ်လောက်ပဲ အကြည့်လွှဲထားတယ်ဆိုပေမယ့် ညှို့အားပြင်းတဲ့ကောင်လေးရဲ့အလှကို မြင်ယောင်မိပြန်တော့ အသွေးအသားရဲ့ ဆာလောင်မှုတွေက ထိန်းချုပ်မရ။မျက်နှာတွေနီရဲကာ ချွေးတွေပြန်လို့ အသနားခံတဲ့ မျက်လုံးလေးတွေနဲ့ကြည့်နေတဲ့ သူ့ကိုတချက်ကြည့်ပြီး ကောင်လေးက  ဟက်ခနဲတချက်ရယ်ကာ အောင်နိုင်သူခြေလှမ်းတွေနဲ့ အခန်းထဲကထွက်သွားတယ်။သေချာတယ် သူ့ဆီက copyယူထားတဲ့ တဖက်စောင်း အပြုံးလေးချိတ်ဆွဲထားရင်းပေါ့။

Hăo Jiŭ Bù Jiàn(好久不见)(Completed )Where stories live. Discover now