<Unicode>
💬ဘေဘီ အပြင်မှာပူတယ် လျှောက်မထွက်နဲ့နော်..ကိုယ် meeting ပြီးတာနဲ့ ပြန်လာခဲ့မယ်..💬ခုကော..ဘာတွေလုပ်နေလဲ မနက်စာစားပြီလား
💬လိမ်လိမ်မာမာနေနော်..ညနေကျ အမဲသားhot potလိုက်ကျွေးမယ်..
💬လွမ်းတယ်သိလား..ခုတောင်ပြန်လာချင်ပြီ..ဘေဘီကို စိတ်မချလို့လေ..
💬 ဟိတ်..ပြန်မပို့ဘူးပေါ့..ကောင်လေးနော် ကိုယ်အပြစ်ပေးမှာ မကြောက်ဘူးလား
💬 လွမ်းပါတယ်ဆို..စာပြန်ပို့လေ
💬 လွမ်းတယ်..လွမ်းတယ်..လွမ်းတယ်..လွမ်းတယ်လို့..အရမ်းလွမ်းနေတယ် ကောင်ဆိုးလေး.. စာပြန်ပို့အုံး
ကိုကိုက ကလေးဆန်လိုက်တာ.. ပိုလိုက်တာလို့ မျက်စောင်းထိုးနေမှာ အသေအချာပဲ။အပြုံးတွေချိတ်ဆွဲထားလို့ ဖုန်း screen ပေါ် ပြေးလွှားနေတဲ့လက်ချောင်းလေးတွေ။
' CEOဝမ်..meeting ချိန်ရောက်ပြီ..´
တံခါးလာခေါက်ပြီး သတိပေးတဲ့ အတွင်းရေးမှူးလီကြောင့် ထွက်လာခဲ့မိပေမယ့် ခုထိ အိမ်က အသည်းညာလေးရဲ့ ပြန်စာက ရောက်မလာသေးတာမို့ မဝင်သေးဘဲ meeting room ရှေ့ရပ်နေမိတယ်။ ဖုန်းခေါ်ကြည့်မှ ထင်တယ်..။
အတွေးလေးတွေထက် လက်ချောင်းလေးတွေက ပိုမြန်ပေမယ့်..ပြန်မဖြေတဲ့ ဖုန်းလေးက ဆီးကြိုနေတယ်။
_ပထမအကြိမ်..
_ဒုတိယအကြိမ်..
_တတိယအကြိမ်..' အိပ်နေတာတော့ မဟုတ်လောက်ပါဘူး..တခုခုများဖြစ်နေတာလား ´
ထိတ်ခနဲဆိုသလို စိုးရိမ်မှတ်တွေက တဟုန်ထိုး မြင့်တက်လာတယ်..။ဘာများဖြစ်လို့..
' CEOဝမ်..meeting ´
' လီကျဲ..meeting ဖျက်လိုက်တော့..´ဖုန်းနဲ့ အလုပ်ရှုပ်နေတဲ့ ရိပေါ်က meeting ခန်းထဲကထွက်လာပြီး ခေါ်လိုက်တဲ့ အတွင်းရေးမှူးလီ စကားကိုဖြတ်ပြောပြီး အလောတကြီး ပြေးထွက်သွားတော့အတွင်းရေးမှူးလီက ခေါင်းအသာရမ်းတယ်။ သူ့ အသည်းအသက်ကိစ္စပဲနေမှာပေါ့။
ဝမ်ရိပေါ်ဆိုတာ အဲ့တာပဲ။သူ့ဘဝမှာ ရှောင်းကျန့်က ပထမ ရှောင်းကျန့်က ဒုတိယပဲ။
YOU ARE READING
Hăo Jiŭ Bù Jiàn(好久不见)(Completed )