<Unicode>
' ဝေ့..မင်းကိုကို လာကြိုပြီလား..´ဘေးမှာတင်ထားတဲ့ အိတ်ကိုလှမ်းယူပြီး ပြန်ဖို့ ပြင်နေတဲ့ ရှောင်းကျန့်ကို Ron က လှမ်းမေးတာမို့ ခေါင်းအသာရမ်းပြလိုက်မိတယ်။
' မင်းရဲ့ CEOကို တခေါက်လောက် မိတ်ဆက်ပေးအုံးလေကွာ..´
' ကျနော့်ကို အမြဲတမ်းအသားယူတတ်လွန်းတဲ့လူပါလို့ မိတ်ဆက်ပေးရမှာလား..´လာဖက်ရင်းပြောတာမို့ ပခုံးပေါ်က လက်ကိုဖယ်လိုက်ရင်း ရှောင်းကျန့်က မျက်််စောင်းထိုးတယ်။ဒါကိုပဲ Ron က သဘောတကျရယ်နေသေးတာ။
' ဒါနဲ့ မင်းလည်တိုင်က အမှတ်အသားတွေက တကယ်လှတယ်သိလား..´
မျက်စပစ်ပြရင်း ဆိုလာတဲ့ အသားယူကောင် Ron။ရှောင်းကျန့်ကပြုံးတယ်။ဒီကောင် တနေ့လုံးအဲကိစ္စ ပါးစပ်ဖျားကကို မချတာ။
' မင်းကောင်လေးဆီက အနမ်းလေးရဖူးလား..မင်းကို အဲလိုအမှတ်အသားလှလှလေးပေးဖူးလား..sorry bro..levelချင်းတူမှ ဆက်ပြောကြတာပေါ့..´
ကိုကို့မူပိုင်အပြုံးလို နှုတ်ခမ်းတဖက်ကွေးအောင်ပြုံးလိုက်ရင်း ထွက်သွားလိုက်မိတယ်။
'ရား..ရှောင်းကျန့်..မင်း..မင်း..ငါ့ကိုပြောသွားတာ ´
Ron ကဆွေ့ဆွေ့ခုန်ပြီး လက်ညှိုးတထိုးထိုး ကျန်ခဲ့သလို ဘေးကလူတွေဆီက ရယ်သံတွေစီခနဲ။
Ronက တခြားဘာပြောပြော လက်ခံနိုင်ပေမယ့် ဘုန်းကြီးဝင်စားလားထင်ရတဲ့ သူ့ထက် ၃နှစ်ကြီးတဲ့ သူ့ကောင်လေးအကြောင်းပြောရင်တော့ အဲလိုပဲ။
သင်တန်းက ဒီနေ့အစောကြီးဆင်းတာမို့ အိမ်မပြန်သေးဘဲ Taxi တားစီးလိုက်ရင်း ဖုံးထားလို့မရတဲ့ ခရမ်းပုပ်ရောင်သန်းနေတဲ့ အမှတ်အသားတွေရဲ့ တရားခံရှိရာကို ဦးတည်လိုက်တယ်။
နွေရာသီကြီးမို့ မာဖလာပတ်လို့မရသလို ခေါင်းစွပ်ဆွယ်တာတွေလည်း ဝတ်လို့မရပြန်..မိတ်ကပ်တွေလည်းမကြိုက်တဲ့ ရှောင်းကျန့်ရဲ့ ရလဒ်က တနေ့လုံး အဲ့ကိစ္စနဲ့ စနောက်ံခံရတာပါပဲ။အဆိုးဆုံးက အသားယူကောင် Ron..။
Black Rainbow ဆိုတဲ့ ဆိုင်းဘုတ်ကို တချက်မော့ကြည့်လိုက်ပြီး..company ထဲ ဝင်ခဲ့မိတယ်။
YOU ARE READING
Hăo Jiŭ Bù Jiàn(好久不见)(Completed )