part5

4K 316 11
                                    

(Zawgyi)

အဝါ​ရောင်​ hoodie ပွပွ​လေးနဲ့ တချက်​တချက်​ ဘာကိုအလိုမကျဖြစ်​သွားမှန်းမသိဘဲ ချွန်​​ထော်​သွားတတ်​တဲ့ နှုတ်​ခမ်း​လေးနဲ့ ဘဲ​ပေါက်​​လေးကျ​နေ​ရော။လှုပ်​ရှားမှု တခုစီတိုင်းက အမြတ်​တနိုးနဲ့ ဖန်​ဘူးအကြည်​​လေးထဲ ထည့်​ သိမ်းထားချင်​စရာ။

မင်းက ဘယ်​ဂြိုလ်​က​နေ ခုန်​ဆင်းလာတဲ့ သူမို့လို့ ဒီ​လောက်​ထိ အကြည့်​မလွဲချင်​စရာဖြစ်​​နေတာလဲ။ဘောပင်​​လေးကို ဆုပ်​ကိုင်​ထားတဲ့ လက်​သီးဆုပ်​​သေး​သေး​လေးက တကယ်​ကို အူယားစရာ​ကောင်းလွန်း​နေတာမို့ နှုတ်​ခမ်းကို ဖိကိုက်​ထား လိုက်​မိတယ်​။

မင်းရဲ့ မြတ်​နိုးစရာ​ကောင်းလွန်းတဲ့ အပြုအမူ​တွေကို တခြားသူ​တွေ ​ငေးကြည့်​မှာ​တွေးမိ​တော့ ကိုယ် ​စိတ်​မချလိုက်​တာ။အရုပ်​​လေးလို သွား​လေရာ​ခေါ်သွားလို့ရရင်​ အ​ကောင်း သား။ မဟုတ်​​သေးဘူး..အဲဒါဆို တခြားလူ​တွေ​တွေ့​နေရအုံး မယ်​။ဘယ်​သူမှ ဝင်​ကြည့်​လို့မရတဲ့ ကိုယ်​နှလုံးသားက မင်း အတွက်​ အလုံခြုံဆုံး​နေရာပဲ။

ခု..ရိ​ပေါ်ရဲ့ ပုံစံက ​တွေးကြည့်​ရင်​ သိပ်​ရယ်​စရာ​ကောင်း​နေတယ်​။အရင်​က သူများ​တွေ မသိ​အောင်​တဖုံ ​ပေါ်တင်​ကြီး တဖုံ ​ငေးရတဲ့လူက မင်းနဲ့ကျမှ ခိုး​ကြောင်​ခိုးဝှက်​ ​​ကြည့်​​နေရ တယ်​။ချေခဲ့သမျှ​တွေက မင်း​ရှေ့​ရောက်​​တော့ ပြားပြားဝပ်​လို့။

တော်​​သေးတာ​ပေါ့။ မနက်​​အ​စောကြီးရှိ​သေးတာမို့ library ထဲမှာ လူရှင်း​နေလို့။စာ​ထဲ အာရုံ​ရောက်​​နေတဲ့ မင်းက ပတ်
ဝန်းကျင်​ကို​တော့ ​မေ့ထားပုံပဲ။သူနဲ့ မျက်​​စောင်းထိုး စာအုပ်​စင်​က​နေ ​ချောင်း​နေတဲ့သူ့ကို ​တောင်​ သတိမထားမိ​လောက်​​အောင်​​လေ။

မနက်​​စော​စောထပြီး မျက်​နှာများမြင်​ခွင့်​ရမလားဆိုတဲ့ အ​တွေးနဲ့ ဆိုင်ကယ်ထုတ်ပြီး ​​​အိမ်​​ဘက်​ကို သွား​ချောင်းမိတဲ့ ရိ​ပေါ်အတွက်​ တကယ်​ကံ​ကောင်းခဲ့ပါတယ်​။'သိုးက​လေး´က ​ကျောင်းကို ​စော​စောပို့ခိုင်းပြီး library မှာ စာသွားဖတ်​တာတဲ့​လေ။

Hăo Jiŭ Bù Jiàn(好久不见)(Completed )Место, где живут истории. Откройте их для себя