part33

1.8K 120 1
                                    

<Unicode>
ရိပေါ်အပြင်မှာဖုန်းပြောပြီး ဝင်လာတော့ ကောင်လေးက ရေခဲမုန့်မှာပြီးလို့တောင် ထိုင်စားနေပြီ။

ရိပေါ်သူ့ရှေ့ဝင်ထိုင်တော့ မော့ကြည့်လိုက်ပြီး ဟီးခနဲတချက်ရယ်ပြတယ်။

ဇွန်းသေးသေးလေးနဲ့ ကော်ပြီးစားလိုက်တဲ့ ရေခဲမုန့်အရသာကြောင့် ရိပေါ်ရုပ်ဆိုးအောင် နှုတ်ခမ်းကိုမဲ့ရွဲ့လိုက်မိတယ်။အရသာကလည်း နမ်းရှိုက်နေကျ ကောင်လေးရဲ့ နှုတ်ခမ်းလေးတွေလောက်တောင်မချိုဘူး။

သူ့ရှေ့က ရိပေါ်ကိုကြည့်ပြီး ရှောင်းကျန့် မျက်လုံးအဝိုင်းသား ကြည့်မိတယ်။ကိုကိုက အဲ့အရသာကို မကြိုက်လို့များလား။

' ကိုကို မကြိုက်လို့လား..´

ဟုတ်တယ်လေ..ကိုကိုဖုန်းပြောနေတုန်း မှာထားတဲ့ရေခဲမုန့်က သူ့အကြိုက်ပဲ။ကိုကိုက စားလေ့မရှိတာမို့ သူနဲ့ အတူတူပဲ မှာထားလိုက်တာ။

' အင်း..ကိုယ်မကြိုက်ဘူး ´

ရှောင်းကျန့်မျက်နှာလေး ညှိုးကျသွားတယ်။

' ဘေဘီ နှုတ်ခမ်းတွေလောက်တောင်မချိုလို့လေ ´

ခုနက မျက်နှာလေးညှိုးသွားတဲ့ ရှောင်းကျန့်က ဒီတခါတော့ ရိပေါ်ကို မျက်စောင်းကဲတော့ ရိပေါ်က ရယ်တယ်။လေတိုက်တိုင်း သစ်ရွက်ကြွေတိုင်း..စိတ်ဆိုးစိတ်ကောက်နေလည်း ချစ်နေရတာပဲ။

' နိဟောင် CEOဝမ်..ထပ်ဆုံပြန်ပြီနော်..ရေခဲမုန့်အတူလာစားကြတာလား..´

ရိပေါ်နဲ့ ရှောင်းကျန့် ကြည့်လိုက်တော့ လျှိုသူဌေး တနည်း Mr.Stephen ရဲ့သား လျှိုရှင်းလီ။ဟမ်..သူ့ဘေးက ကျိုးဟန်မလား။
ရိပေါ် မျက်ခုံးတွေ အနဲငယ်တွန့်ချိုးသွားတယ်။

ရေခဲမုန့်စားနေတာမဟုတ်လို့..

' မဟုတ်ဘူး..အားယားလို့လာထိုင်နေတာ ´

ရိပေါ်ပြန်ပြောလိုက်တဲ့စကားကြောင့် လျှိုရှင်းလီ နင်သွားရတယ်။ဟုတ်သား..။ခပ်ရိုင်းရိုင်း ပြန်ပြောမခံရတာပဲ ကံကောင်းတယ်လို့ဆိုရမယ်။

' 好久不见( Hao Jiu Bu Jian) ကျိုးဟန် ´

ကျိုးဟန်ကို နှုတ်ဆက်လိုက်တဲ့ ရှောင်းကျန့်ကြောင့် ရိပေါ်မျက်နှာ တည်တင်းသွားသလို လက်သီးကို ခပ်ကျစ်ကျစ်ဆုပ်ထားလိုက်မိတယ်။ဒင်းကြောင့်...ဒင်းကြောင့်..

Hăo Jiŭ Bù Jiàn(好久不见)(Completed )Where stories live. Discover now