part 25

2.1K 139 2
                                    

<Unicode>
💬ဘေဘီ..ကိုယ်ကျောင်းရှေ့ရောက်နေပြီ

ခုမှအတန်းဆင်းပြီး ထွက်လာတုန်း ဝင်လာတဲ့မက်ဆေ့ချ်ကို ကြည့်ပြီး ရှောင်းကျန့်က သက်ပြင်းချတယ်။တနေ့တနေ့ ဒီ ကိုကိုနဲ့လည်းမလွယ်ပါဘူး။

အခုဆို ရှောင်းကျန့်တို့ကျောင်းပြန်တက်တာတောင် ၃လ လောက်ရှိရောပေါ့။အလုပ်တွေကြားကနေ ' စိတ်မချပါဘူး..ဘေဘီကိုလွမ်းလို့..ဘေဘီကိုမြင်လိုက်ရတာနဲ့တင် ကိုယ်အမောပြေလို့..´ဆိုတဲ့ အကြောင်းပြချက်ပေါင်းစုံနဲ့ လာကြိုတတ်တဲ့ ကိုကို။

ရှောင်းကျန့်တို့ထွက်လာ​တော့ ကားကိုမှီ​ပြီး ရပ်နေတဲ့ရိ​ပေါ်က  ပြုံးကာ လက်လေးရမ်းပြတယ်။ဒါတွေက ရှောင်းကျန့်ဘေးမှာပါလာတဲ့ ယီကျိိုးနဲ့ ကျိုးဟန်အတွက်တော့မပါဘူး။ကျိုးဟန်က.. ဒီနှစ်မှ ပြောင်းလာတဲ့ ဟိုဘက်ကျောင်းက ကောင်လေး။

ရိပေါ်အကြိုအပို့လုပ်ပေးနေရတဲ့အကြောင်းရင်းက အဲ့ကောင်လေးကြောင့်ဆိုလည်းမမှားဘူး။ရိပေါ်ကတော့ မြွေမြွေချင်းခြေမြင်တာမို့ သူ့အပိုင်ဆိုတာကို ပြပေးနေရတာ။ကိုယ့်ရဲ့ အူကြူးလေးက မသိဘူးဆိုလားဆိုတော့ သိတယ်။အရေးမပါတာတွေကို အာရုံထဲမထည့်ချင်ဘူးတဲ့လေ။

' ကိုယ့်အချစ်ဆုံးလေး..ပင်ပန်းနေလား..ကိုယ်အားဖြည့်ပေးမယ်..´

ပြွတ်စ်...

အနားကိုရောက်လာတဲ့ ရှောင်းကျန့်ခါးကို လှမ်းဖက်ကာ နှုတ်ခမ်းရဲရဲလေးကို ပြွတ်ခနဲ စုပ်ကာနမ်းလိုက်တာမို့ ရှောင်းကျန့်က မျက်စောင်းတချက်ထိုးမိတယ်။CEOဝမ်က ခုနောက်ပိုင်း သူနမ်းချင်ရင် နေရာသိပ်မရွေးတော့ဘူး။ဒါပေမယ့် ထောင်ပေါင်းများစွာသော လူတွေတိမ်းညွတ်ချင်ကြတဲ့ ဒီလူသားဆီက တန်ဖိုးရှိတဲ့ အနမ်းတွေဆိုတာ တွေးမိတော့ ရှောင်းကျန့် မငြိုငြင်ရက်ပြန်ဘူး။

ကားပေါ်တက်ဖို့ တခါးဆွဲဖွင့်ပေးတာမို့ ကျန်တဲ့နှစ်ယောက်ကို နှုတ်ဆက်ပြီး ကားပေါ်တက်လိုက်မိတယ်။ ကျိုးဟန်ဘက်ကိုလှည့်ကြည့်ပြီး နှုတ်ခမ်းတဖက်ကွေး ပြုံးလိုက်တဲ့ ကိုကို့ကိုလည်း မြင်ဖြစ်အောင် မြင်လိုက်သေးတယ်။မင်းတွေ့လား..ဘာတတ်နိုင်သေးလဲပေါ့။

Hăo Jiŭ Bù Jiàn(好久不见)(Completed )Onde histórias criam vida. Descubra agora