part 21

2.1K 148 4
                                    

<Unicode>
နောက်လဆို.. Second semester ဖြေရတော့မှာတဲ့..။ကျောင်းပြီးတာနဲ့ Companyကို ဦးစီးရတော့မယ်ဆိုတာ တွေးမိတော့..ဒီကောင်လေးအပေါ် စိတ်မချမှု levelတွေက တရစ်ရစ်တိုးလာတယ်။

ဒီကိုရောက်လာထဲက Game streamer လေး Toy ဆိုပြီးအချစ်ခံရတဲ့ ကောင်လေးက အခုကျတော့လည်း ကျောင်းရဲ့ Talk show program ကနေ အားလုံးရဲ့ အချစ်တွေကို သိမ်းကြုံးထားတဲ့ 'Bunny Zhan´တဲ့လေ ။ပိုင်ရှင်ကြီး ငုတ်တုတ်ရှိနေတာတောင် ဘာဘာညာညာဇာတ်လမ်းခင်းချင်တဲ့ လူတွေက ခပ်များများရယ်..။အချစ်ခံလူသား​လေးအဖြစ် မွေးဖွားလာတဲ့ကောင်လေးကို ချစ်သူတော်ထားရတာ ဘယ်လိုလုပ်စိတ်ချနိုင်မှာလဲ..။

' ကိုကို..ကိုကို..´

စားစရာရှိတာ မစားဘဲ မှေးထောက်ကာထိုင်ရင်း ပြုံးပြုံးလေးနဲ့ တဖက်ကိုကြည့်ပြီး ထိုင်နေတဲ့ ကိုကို..။ဘာအကြောင်းတွေးနေလို့ ခေါ်တာတောင် မကြားနိုင်ရတာလဲ။

' ကိုကို...ကိုကိုလို့..´

ဆူအောင့်အောင့်လေး ထပ်ခေါ်ပေမယ့် သတိမဝင်သေးတဲ့ကိုကို..။အကြည့်တွေဦးတည်ရာကို လိုက်ကြည့်မိတော့ ပြတင်းပေါက်နားက စားပွဲမှာထိုင်နေတဲ့ မိန်းကလေး နှစ်ယောက်။

ခေတ်မီလွန်းတဲ့ အဝတ်အစားနဲ့ မို့မောက်နေတဲ့ ရင်သားတွေ..မိတ်ကပ်တွေနဲ့ ဆိုးဆေးတင်ထားတဲ့ နှုတ်ခမ်းထူထူ.. ဆေးဆိုးပုံသွင်းထားတဲ့ ဆံပင်တွေက ပုရိသတွေ သဘောကျစရာ..။

ကိုယ့်ကိုယ်ကို ငုံ့ကြည့်လိုက်တော့..သူတို့တွေနဲ့ ယှဥ်နိုင်စရာ ဘာတခုမှမရှိ..။အင်းပေါ့..ကိုကိုလည်း ကြာလာတော့ စိတ်ပြောင်းလောက်ရော့ပေါ့..။မင်းကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသွားတယ် ရှောင်းကျန့်။ကိုကိုက မင်းကိုပဲချစ်တာလို့ အကြွင်းမဲ့ ယုံကြည်နေခဲ့တာ မင်းတကယ် ရူးတာပဲ။

ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်တွေနဲ့အတူ အမြင်တွေဝေဝါးလာပြီး..ကိုကို့ မျက်နှာလေးကိုတောင် ​သေချာ မမြင်ရတော့သလို..ပါးစပ်ထဲ ထည့်ဝါးထားတဲ့ စားစရာတောင် မျိုမကျနိုင်တော့..။ကျစ်..ကျလာပြန်ပြီ ဒီမျက်ရည်တွေ..။လက်နဲ့ အကြမ်းပတမ်း ပွတ်ကာ သုတ်လိုရင်း ဘေးက ဖုန်းကို လှမ်းယူလိုက်မိတယ်။

Hăo Jiŭ Bù Jiàn(好久不见)(Completed )Tempat cerita menjadi hidup. Temukan sekarang