part 16

2.4K 183 4
                                    

<Unicode>

လိုချင်တာရှိရင် လက်ညှိုးတထိုးထိုး ..။စားချင်တာရှိရင် နှုတ်ခမ်းလေးစူထားရင်း ခပ်ချွဲချွဲလေသံလေးနဲ့ (ကိုကို လို့ခေါ်ပြီး )ပူဆာတတ်တဲ့ ရိပေါ်ရဲ့ အူကြူး..မွတ်နွတ်ကွတ်ကျွတ်လေး..။

ဘေးကနေ ကတ်လေးနဲ့ လိုက်ရှင်းပေးရင်း Sugar Daddy လို လုပ်နေရတဲ့ ဖီလင်က ဘယ်လိုမျိုးလဲဆိုရင် တော်တော်လေးကို ကျေနပ်စရာကောင်းတယ်။

သရေကျမတတ်ငမ်းကြတဲ့ ကောင်မလေးတွေကြား ရိပေါ်ရဲ့ လက်မောင်းလေးကို တွဲခိုရင်း မျက်နှာလေးမော်ချီထားကာ ဂုဏ်ဆာနေတဲ့ အပြုံးလေးနဲ့  သူ့အပိုင်ဖြစ်ကြောင်းပြပုံကိုကြည့်ပြီး တချက်ပြုံးလိုက်မိတယ်။

ခုတလော..ဒီကလေးရဲ့ သဝန်တိုခြင်း levelက ပိုမြင့်လာသလို ကောက်စိန်လေးလုပ်တတ်တာလည်းခနခနပဲ။ကြံဖန်ပြီး ရစ်လုံးလေးလည်းလုပ်တတ်ပါသေးတယ်။ဒါပေမယ့် ရိပေါ်အတွက်တော့ ချစ်ဖို့ကောင်းနေတုန်းပဲ။တချို့ကောင်လေးတွေက ရစ်တာမျိုးဆို သိပ်သဘောမကျပေမယ့် ရိပေါ်ကတော့ တကယ်ကြိုက်တယ်။

' ကိုကို... ´

တွဲထားတဲ့လက်လေးကို လှုပ်ရမ်းပြီး မော့ကြည့်ကာ ခပ်ပျစ်ပျစ်လေသံနဲ့ ချွဲကာ ခေါ်လိုက်တာမို့ ဒီကလေး တခုခုပူဆာတော့မယ်ဆိုတာ သိလိုက်တယ်။ငုံ့ကြည့်ကာ မှေးဆတ်ပြတော့ ဟီးခနဲရယ်ရင်း လက်ညှိုးထိုပြရာကို ကြည့်လိုက်မိတယ်။ရေခဲမုန့်ဆိုင်လေး...။

' စားချင်လို့လား ဘေဘီ ´လို့မေးတော့ ပါးစပ်ကပြန်မဖြေဘဲ ခေါင်းတညိတ်ညိတ်လုပ်တယ်။
မင်းနှုတ်ကနေ တောင်းဆိုသမျှ ဘယ်လိုလုပ်မဖြည့်ဆည်းပေးဘဲ နေနိုင်မှာလဲ။အားလုံးကို ကိုယ်ငြင်းဆန်ခဲ့ရင်တောင် မင်းစကားတခွန်းက ကိုယ့်အတွက် ရှောင်လွဲလို့မနိုင်တဲ့ အမိန့်တခုလိုကိုယ် နာခံမိမှာပဲ။

' စတော်ဘယ်ရီနဲ့ ချောကလက်အရသာ ၂ခုပေးပါ  ´

ဆိုင်ရှင် အဒေါ်ကြီးကိုပြောပြီး ဘေးနားမှာ လက်လေးကို ကျစ်ကျစ်ဆုပ်ကိုင်ပြီး ရပ်နေတဲ့ ရှောင်းကျန့်ရဲ့ ခပ်အုပ်အုပ် ဆံပင်လေးကို  ကျန်လက်တဖက်နဲ့ အသာဖွပေးမိတယ်။တနေ့လုံး ရှော့ပင်းစင်တာထဲပတ်ပြီး အစားအသောက်ဈေးတန်းထဲပတ်နေတာ ခြေထောက်တွေညောင်းနေပြီလားမသိဘူး။

Hăo Jiŭ Bù Jiàn(好久不见)(Completed )Where stories live. Discover now