<Unicode>
' ဝမ်ရိပေါ် ..ဒါ ဘယ်လို ဖြစ်တာလဲ 'အခန်းထဲ ဝုန်းဒိုင်းကြဲရောက်လာတဲ့ ပါပါးနဲ့မာမား။ပြီးတော့ ဒေါသတကြီးလေသံနဲ့အတူ ipadကို ရိပေါ်ရှေ့ ပစ်ချပေးလိုက်တဲ့ပါပါး။
ကြည့်လိုက်တော့ Tracer 85နဲ့ GLPU (Golden Lotus Private University)Talk show programရဲ့ member ကောင်လေးတိ့ြ ဆက်ဆံရေးဆိုတဲ့ သတင်းခေါင်းစဉ်ကြီးက နေရာယူလို့။
LAကနေ ချက်ချက်းကြီး ရောက်လာတ့အကြောင်းရင်းက မနေ့က တက်လာတဲ့ သတင်းကြောင့်တဲ့လား။ဟက်ခနဲ တချက်ရယ်လိုက်မိတယ်။မင်းဘာကို မျှော်လင့်နေတာလဲ ဝမ်ရိပေါ်။ပါပါးတို့ ဂရုစိုက်တာ ပါပါးရဲ့ အလုပ်တွေပဲလေ။
ဧကန္တ ခုလို ရောက်လာတာ ပါပါးရဲ့ ရှယ်ယာတွေ အဲ့သတင်းကြောင့် ထိုးကျသွားလို့လား။' ပါပါး မြင်တဲ့အတိုင်းပဲလေ'
ကုလားထိုင်ကို ခပ်လျော့လျော့ မှီချလိုက်ရင်းဆိုတော့ မာမားက ဘေးက ဆိုဖာပေါ်ဝင်ထိငြလိုက်သလို ပါပါးက ရိပေါ်အနားကို ရောက်လာတယ်။လာပြီး ဆွဲထိုးတော့မှာလား။
' နောက်ဆုံးတော့ ပါပါးသားလေး ရည်းစားထားတတ်နေပြီပဲ'
ဟမ်! မဟုတ်ဘူးလား။ကြောင်အမ်းအမ်းနဲ့ မော့ကြည့်မိတဲ့ ရိပေါ်ကို ပါပါးက နားလည်သလို ပုံစံမျိုးနဲ့ကြည့်ပြီး ရယ်တယ်။
' မင်းပါပါးနဲ့မာမားက ခေတ်နောက်ကျတဲ့သူတွေ မဟုတ်ပါဘူးငါ့သားရာ..တက္ကသိုလ် နောက်ဆုံးနှစ်တောင်ရောက်နေပြီ ငါ့သား မစွံတော့ဘူး ထင်နေတာ '
ပခုံးကို ခပ်ဖွဖွပုတ်ပေးရင်းပြောပြီး ပါပါးက ရယ်တယ်။
' သား ရိပေါ် မင်း Toy ကို အပျော်မကြံရဘူးနော် '
' ဟမ် 'ဆိုဖာမှာ အေးအေးလူလူထိုင်နေတဲ့ မာမားဆီကနေ Toy လို့ ပြောသံထွက်လာတော့ ပြူးပြူးလေး ကြည့်မိတယ်။မဟုတ်မှ အရင်ထဲက သိနေကြတာလား။
' ပါပါးနဲ့မာမားက အလုပ်ကို ဦးစားပေးလွန်းတာမို့ သားကို နွေးထွေးမှုတွေ မပေးနိုင်မှန်း အထီးကျန်စေမှန်း သိပါတယ် ဒါပေမယ့် Toyက သားကို နွေးထွေးမှုတွေ ပျော်ရွှင်မှုတွေ ပေးနိုင်တယ်ဆိုတာ မာမားသိတယ် Toy က တကယ်ကို လိမ္မာတဲ့ ကလေးပါ'
YOU ARE READING
Hăo Jiŭ Bù Jiàn(好久不见)(Completed )