<Unicode>
ကုတင်ဘေးမှာထိုင်ပြီး..ရှောင်းကျန့်ရဲ့ နဖူးကိုစမ်းလိုက်.. လက်လေးကိုဆုပ်ကိုင်ပြီး တရှုံ့ရှုံ့နမ်းလိုက် လုပ်နေတဲ့ ရိပေါ်ကို ဝမ်ပါပါး မျက်နှာချင်းဆိုင် ကုတင်တဖက်ခြမ်းမှာ မျက်စိဒေါက်ထောက်ကြည့်နေတယ်။
အန်ကယ်ရှောင်းတို့ ဇနီးမောင်နှံနဲ့ ဝမ်မာမားက ဘာမှမပြောဖြစ်ကြပေမယ့် စိုးရိမ်မှုတွေ အထင်းသားတွေ့ရသလို.. ရိပေါ် ကြည့်မိတိုင်း ဝမ်ပါပါးကတော့..အနားမကပ်နဲ့ အခန်းထဲက ထွက်သွားဆိုတဲ့ အဓိပ္ပါယ်နဲ့ ကြည့်နေတယ်။ဒါပေမယ့် ရိပေါ်ကတော့ မသိချင်ဆောင်ထားတုန်းပဲ..။
ခုနက ရန်ပွဲတောင်..ကြားထဲက ဝမ်မာမားနဲ့ ရှောင်းကျန့်မာမား ဝင်ဆွဲပေလို့..။ကလေးဒီလောက်ထိ နေမကောင်းဖြစ်တာမသိရအောင်..မင်း ဘာလုပ်နေလဲ..တဲ့လေ။ပါပါးဒီလောက်ထိ ဒေါထွက်တာ ပထမဆုံးအကြိမ်မြင်ဖူးခြင်းပဲ။
အိပ်ပျော်နေတဲ့ ကောင်လေးက မို့အစ်နေတဲ့ မျက်ခွံတွေနဲ့..။သတိမရသေးတာဆို ပိုမှန်လိမ့်မယ်..။
ညက..( ကျနော် အစောကြီးအိပ်ချင်လို့ )ဆိုတဲ့ မက်ဆေ့ချ်ကြောင့် ဖုန်းမခေါ်တဲ့ ကိစ္စက တကယ်ကို နောင်တတပွေ့တပိုက်နဲ့ ကျန်ခဲ့ဖို့ ဖြစ်လို့နီးပါး..။
ဘေးမှာ ကောင်လေးဖုန်းကို တွေ့တာမို့.. ယူကာ ဖွင့်ကြည့်လိုက်မိတယ်..။အရင်လို ရိပေါ်ရဲ့မွေးနေ့ကို password အဖြစ်ထားတုန်းပဲ။ မြင်လိုက်ရတဲ့ မက်ဆေ့ချ် Draftက နွေခေါင်ခေါင်ကြီး ခေါင်းပေါ် မိုးကြိုးအစင်းတရာလောက် ပစ်ချခံလိုက်ရသလိုပဲ။
( ကျနော်ကိုကို့ကို လက်လွတ်လိုက်ဖို့ ဆုံးဖြတ်ပြီးပြီမို့..လမ်းခွဲရအောင်..)တဲ့ ..။ခုထိ..ကိုယ်ဘာအမှားတွေလုပ်မိလို့ ကောင်လေးက လမ်းခွဲဖို့ထိလုပ်တာလဲ.. စဥ်းစားတာ အဖြေမထွက်နိုင်ဘူး..။
ညက ငိုယိုပြီး..သူ့ပါပါးနဲ့ မာမားကို လာခေါ်ဖို့ တတွတ်တွတ်ပြောနေခဲ့တယ်ဆိုတဲ့ကောင်လေး။ တခါမှ မျက်ရည်မကျခဲ့ဖူးဘူးဆိုတဲ့ ကောင်လေးက ကိုယ့်ကြောင့်ပဲ မျက်ရည်ကျနေရတယ်ဆိုတာ တွေးလိုက်မိတော့ ကိုယ့်ကိုယ်ကို အပြစ်တင်လို့မဆုံး..။ခုလိုဖြစ်တာ ဘာအကြောင်းကြောင့်ဆိုတာတော့ ဘယ်သူမှမသိပေမယ့်.. သေချာတာတခုက ရိပေါ်ကြောင့်..။
ESTÁS LEYENDO
Hăo Jiŭ Bù Jiàn(好久不见)(Completed )