<Unicode>
' ဘေဘီ..ကိုယ် ဘေဘီကို မပြင်မဆင်ခေါ်လာတာကလေ..ဘေဘီက ဘယ်လိုနေနေလှပြီးသားမို့ ..သိလား..´
'..... ´
' mask တပ်ခိုင်းတယ်ဆိုတာကလည်း.. လူများတဲ့နေရာ သွားမှာမို့ ´
'...... ´
' စိတ်မကောက်နဲ့တော့ ဘေဘီရာ..ဘေဘီစိတ်ကောက်ပြီး စကားမပြောရင်..ကိုယ်မနေတတ်တာ သိသားနဲ့..´
' ..... ´
' ဒီက လူဆိုးကြီးမှားမှန်းသိပါပြီ..စိတ်မကောက်နဲ့တော့ ဘေဘီလေး..ပူတူတူးလေး..အသဲလေး..အူကြူး မွတ်နွတ်ကွတ်ကျွတ်လေး..´
'.....´စကားတခွန်းမှမပြောသလို.. လက်လေးပိုက်ပြီး ကောက်ချိတ်နေတဲ့ကောင်လေးက.. အပြင်ဘက်ကိုသာကြည့်နေတယ်။
' ဘေဘီ အပြန်ကျရင် ဘာစားချင်လဲ..´
ခနကြာမှ ပြန်မေးတော့လည်း No reply.. ။
' ဘေဘီကကွာ...´
' ခုတော့ စိတ်မရှည်တော့ဘူးပေါ့..စိတ်ကုန်နေပြီပေါ့လေ.. ´တပ်ထားတဲ့ maskကို ဆွဲချွတ်လိုက်ပြီး ပြန်ပြောလာတဲ့ကောင်လေး။ဘယ်လိုလုပ်ရပါ့..။ကောက်တာကနေ ရစ်တော့မယ့်အကွက်တွေ။ထားပါတော့.. စကားတခွန်းမှမပြောဘဲ ကောက်နေတာထက်စာရင်..ရစ်တာလေးက ပိုကောင်းပါတယ်။ခါတိုင်းထက်ပိုတဲ့ ချစ်စရာကောင်းမှုအပေါင်း တစ်သိန်းခြောက်သောင်းကို မြင်ရတာပေါ့။
' မဟုတ်ရပါဘူးကွာ..ချစ်လို့တောင်မဝသေးတာကို ဘယ်လိုလုပ် စိတ်ကုန်ရမှာတုန်း..´
' ကြည့်လေ..မျက်နှာက ရှုံ့မဲ့ချင်နေပြီ..ကောက်လွန်း ရစ်လွန်းလို့ တကယ်ကိုစိတ်ကုန်နေပြီပဲ..´
' ကိုယ် ကျိန်ရဲပါတယ် ..´
' စိတ်ကုန်နေပြီလို့ ကျိန်နေတာလား..´တချက်လှည့်ကြည့်ကာ ပြုံးလိုက်မိတယ်။ဘေဘီရစ်လုံးလို့ ပြောင်းခေါ်မှ ထင်တယ်။
' စိတ်ကောက်နေတာကို ပြန်ချော့မယ်မလုပ်ပဲ.. ပျော်ပျော်ကြီးကို နေနေအုံးမလို့တဲ့..ခင်များက ဘယ်လိုလူမျိုးလဲ..မာမားရေ..သားလူအရွေးမှားပါပြီ...သားအဖြစ်ကို လာကြည့်လှည့်ပါအုံး..တယောက်ထဲရှိတဲ့ချစ်သူကတောင် မာမား သားကိုမချစ်တော့ဘူး..´
ရစ်နေတာကနေ ရုတ်တရက် မထွက်တဲ့မျက်ရည်တွေကို အတင်းညစ်ထုတ်ပြီး Drama ထချိုးတဲ့ကောင်လေး..။ကားမောင်းနေလို့သာပဲ..။မဟုတ်ရင် ဖက်နမ်းပြီးနေပြီ..။
BẠN ĐANG ĐỌC
Hăo Jiŭ Bù Jiàn(好久不见)(Completed )