Part - 1

112K 4.4K 67
                                    

ဆောင်းရာသီ၏ မနက်ခင်း​လေးတစ်ခုမှာ စောင်တစ်ထည်ထဲ အတူခြုံကာ တစ်ယောက်ကိုတစ်ယောက် တင်းကြပ်စွာ ပွေ့ဖက်ပြီး အိပ်မောကျနေသည့် ကောင်လေးနှစ်ယောက်ကတော့ နွေးထွေးလျက်ရှိပါသည် ။

" တီ....တီ.....တီ...."

အသံ​ပေး​နေ​သော နှိုးစက်သံကြောင့် ဆက်မာန်ဟိန်းတစ်ယောက် နိုးလာသည် ။ နှိုးစက်ကို လှမ်းပိတ်ပြီး မိမိရင်ခွင်ထဲတွင် နှစ်မြုပ်နေတဲ့ ဖြူဖြူဥဥကောင်လေး၏ နဖူးကို ​ပြုံးရင်း နမ်းလိုက်သည် ။ ထို့နောက် အိပ်ယာမှ နိုးထလိုက်သည် ။

" အင့်!  "

" ကျွတ်... ကျွတ်....ကျွတ် "

သတိကြီးစွာ ထလိုက်သော်လည်း အိပ်နေတဲ့ ကောင်လေးထံမှ တိုးငယ်သောအသံလေးထွက်လာကာ လှုပ်ရွလာ၍ ပြန်အိပ်ပျော်​စေရန် ရင်ဘတ်လေးအား ဖွဖွပုတ်ပြီး ပြန်သိပ်လိုက်သည် ။

မနက်ခင်းစျေး၌ စုံလင်လှသော ရောင်းကုန်များ ၊ စျေးရောင်းသူများ ၊  ဝယ်သူများ  ၊ ရောင်းသံ ၊ ဝယ်သံ များဖြင့် ဆူညံ့ပွက်လောရိုက်ကာ ဈေး၏အထာအတိုင်း ​စည်ကားလျက်ရှိသည် ။

City mart တွေမှာပဲ Shopping ထွက်ချင်တဲ့ အိမ်က ကောင်လေးက ဒီလိုရပ်ကွက်စျေးမျိုးကို ယောင်လို့တောင် မလာပေ ။ ကိုယ်ကတော့ ဒီလိုရပ်ကွက်စျေးလေးထဲမှာပဲ ရနိုင်တဲ့ သန့်ရှင်းလတ်ဆက်တဲ့ အသီးအနှံ ၊ အသား ၊ ငါးတွေကို ချက်ကျွေးချင်လို့ အိပ်ပုတ် လေးမနိုးခင် အစောကြီးစျေးလာခဲ့​ခြင်းပင် ။

မိမိတို့အိမ်ရာဝင်းရဲ့ လမ်းနှစ်လမ်း အကျော်မှာ ရှိတဲ့ ရပ်ကွက်စျေးလေး ဖြစ်သလို ထိုရပ်ကွက်မှာ စေတနာကြေးသာယူပြီး ဆေးကုပေးနေတဲ့ စေတနာဆေးခန်း၏ ဆရာဝန်လေးဖြစ်တာကြောင့် ရပ်ကွက်က လေးစားပြီး အားကျတန်ဖိုးထားရတဲ့ ဆရာဝန်လေး တစ်ဦးဆိုလည်း မမှားပေ ။

" ဆရာလေး... စျေးလာတာလား "

" ဆရာလေး... ခရမ်းချဥ်သီး ယူသွားပါဦး "

" ဆရာလေး... ရော့ ..ဘိန်းမုန့် ..ပူပူလေးရှိသေးတယ် .. အိမ်ကျစားဖို့ "

" ဆရာလေး ... ဒီမှာ လတ်လတ်ဆက်ဆက် ပဲသီးတွေ အိမ်က ခုမနက်မှ ခူးလာတာ ကြိုက်သလို ချက်စား ချို မှ ချို "

မောင့်စေတနာရုံ (မောင့်စေတနာရုံ)Where stories live. Discover now