" ဘာများ လိုအပ်ပါသလဲ ခဗျ "
တာဝန်အရ မေးလိုက်တော့ သူ့ဖိနပ်ကို မျက်စ ပစ်ပြသည် ။ ပေနေတဲ့ သူ့ဖိနပ်ကို သုတ် ဆိုတဲ့ သဘော။
" ကျစ်... ငါ့ဖိနပ်ကပေနေတာတွေကို သုတ်လိုက် "
ဘာမှမတုန့်ပြန်ပဲ ကြောင်ကြည့်နေမိနေတာမို့ စိတ်မရှည်တော့သည့်ဟန်။
" ဗျာ ဟို "
" ဘာလဲ မသုတ်နိုင်ဘူးလား မင်းကဘာမို့လို့မသုတ်နိုင်ရတာလဲ !"
ထိုသူက စိတ်တိုတို နဲ့ ကျွန်တော် လည်ပင်းကို လက်တစ်ဖက်နှင့် လာညှစ်သည်။ အားနှင့်ညစ်ထားသည်မို့ အသက်ရှူကြပ်လာကာ ရုန်းထွက်ဖို့ အားပင် မရှိဖြစ်လာသည်။ ထိုအချိန်
" ဝဠာထိုက် "
ထိုသူ၏နာမည်ကို ခေါ်ကာ ကျွန်တော့်လည်ပင်းထက်မှ လက်အားလာထိန်းသောကောင်လေး။ အေးစက်စက်မျက်နှာထားနဲ့ ထိုကောင်လေး။ အရပ်က ကျွန်တော်နဲ့ မတိမ်းမယိမ်း ဆိုပေမဲ့ ပိန်ပိန်သွယ်သွယ်နဲ့ဖြူဖြူဥဥလေး။ ကျွန်တော်နဲ့ မျက်ဝန်းချင်းဆုံတော့ ထိုကောင်လေးက အကြည့်တွေချက်ချင်း ရုတ်သိမ်းသွားပေမဲ့ ကျွန်တော်ကတော့ ထိုကောင်လေးဆီမှာ မျှောနေဆဲ။
" ဒိန်း ဒိန်း ဒိန်း "
ရင်ဘတ်ထဲက အတိုင်းအဆမရှိ ခုန်နေတယ် ။ ဘာဖြစ်တာလဲ ကျွန်တော် အရမ်းကြောက်နေလို့များလား။
" ကိုဆက် အဆင်ပြေလား "
" ဟင် အင်း ပြေတယ် ဘာမှမဖြစ်ဘူး ဂျာကြီး ပြေတယ် ပြေတယ် "
ဘယ်လောက်ထိ ထိုကောင်လေးထံ နစ်မြောမိသွားလည်း မသိ အသိဝင်လာတော့ ထိုကောင်လေးရော ဟိုကောင်လေးရော မရှိတော့ပေ။
.
ဒီနေ့ ကျောင်း စတက်သည့်နေ့။
Club က မန်နေဂျာက Club မှာ အခန်းတစ်ခန်းပေးထားတာမို့ ဂေဟာက ထွက်လာပြီး Club မှာပဲနေဖြစ်သည်။ ကျောင်းနဲ့ အနည်းငယ်ဝေးသော်လည်း မနက်စောစော လိုင်းကားတိုးစီးလျှင် အချိန်မှီတာမို့ အခက်အခဲတော့ အရမ်းမရှိပေ။
ဒီနေ့ ကျောင်း စဖွင့်တဲ့ နေ့မို့ ထင်တယ် ဆက်မာန်ဟိန်း အရမ်းတက်ကြွနေသည်။ ဒါ သူ့ဘဝလူရာဝင်နိုင်ဖို့ အစခြေလှမ်းပဲ။ သူ စာသင်ရမည့် အဆောင်ကို လိုက်ရှာရင်း လမ်းအချိုးတစ်ခုရောက်တော့ ။ ထိုကောင်လေး သူ့အား Club မှာ ပြုစားသွားတဲ့ကောင်လေး ။ဝမ်းသာခြင်းများစွာ မယုံနိုင်ခြင်းများစွာဖြင့် ထိုကောင်လေး ဆီ အပြေးသွားလိုက်သည်။
