" သား ကားပေါ်က ဆင်းပြီး ဟိုးနားလေး ခနသွားနေနော် "
ထိုအမျိုးသမီး၏အသံသည် တိုးတိုးလျလျ တုန်တုန်ရီရီ ။
" ဟင့် အရမ်းမှောင်နေတယ် မေမေ ပါလိုက်ခဲ့ "
" လိုက်ခဲ့မယ် သားအရင် သွားနှင့်နော် "
" ဟင့်အင်း ဖေဖေ့ ဟင့် မေမေ အင့် ဟင့် အီး "
ပတ်ဝန်းကျင်က မှောင်မဲတိတ်ဆိတ်နေသည်။ ချောက်ကမ်းပါးပေါ်မှာတင်နေတဲ့ ကားလေးတစ်စီး။
ကားမောင်းတဲ့ နေရာက ဦးလေးကြီးက ငြိမ်သက်နေသည် ခေါင်းပေါ်မှာသွေးတွေအများကြီးနဲ့။ ပြီးတော့ ပြီးတော့ အဲ့ဦးလေးကြီးခုံက အနောက်က အန်တီကြီး ကို ပိ နေတယ်။ကလေးလေး တစ်ယောက် ငိုနေတယ်။ သူ့ကို အန်တီကြီးက အတင်းအပြင် ထွက်ခိုင်းနေတာ ငြင်းနေတဲ့ ကလေးလေး။" ရုံရုံ လိမ္မာတယ် မေမေ့စကားနားထောင်နော် "
" ဟင့်အင်း အင့် မသွားဘူး ဟင့် မေမေနဲ့ဖေဖေနဲ့ အတူတူ "
" စေတနာရုံ ! "
မာကြောသောအော်သံကြောင့် ကလေးလေး ရဲ့ ခန္ဓာ ကိုယ်လေး တုန်လှုပ်သွားသည်။
" မေမေ စိတ်မဆိုးချင်ဘူး ဆင်း ခုချက်ချင်း "
" အင့် "
" မေမေ ပြောနေတယ် ဆင်းလို့ "
ကလေးလေးက စိတ်တိုနေသော သူ့မေမေအားကြည့်ပြီး ကြောက်ကာ တရွေ့ရွေ့နဲ့ ကားပေါ်က ဆင်းလိုက်သည်။
" ဟိုးနားက အုတ်ခုံနားသွား "
ကားဘေးနားမှာ ပေကပ်ရပ်နေသည့် ကလေးလေးကို ကားနဲ့ အဝေးကို သွားခိုင်းပြန်တယ်။
" ဒီမှာပဲ ဟင့် အင့် "
" စေတနာရုံ "
မာကြောသောအသံကြောင့် ကလေးလေးဟာ အဲ့အန်တီကြီးကို ကြည့်ရင်း အနောက်ကို တုန်တုန်ရီရီ နဲ့ တရွေ့ရွေ့ ဆုတ်ပြန်သည်။
အုတ်ခုံနားလေးကနေ ကားလေးထဲက ဦးလေးကြီးနဲ့ အန်တီကြီးဆီ အကြည့်မရွေ့မိ။ ရှိုက်ကြီးတငင် ငိုနေသော ကလေးလေးသည် ဖိနပ်မပါတဲ့ခြေထောက်မှာ ခဲတွေစူးထားလို့ သွေးတွေ စို့နေတာတောင် နာကျင်ရကောင်းမသိပေ။
