Extra - 4

26.5K 1.7K 39
                                    

" ရုံ .. မောင် ဒီမှာ အလုပ်လုပ်နေတယ်လေ "

ဒီတစ်ခေါက် ပရဟိတခရီးက နည်းနည်း ပြင်ဆင်စရာတွေများတာမလို့ အသင်းကပေးလာတဲ့ စာရွက်စာတမ်းတွေ စစ်နေတာကို လူပေါ် အတင်းကုပ်ကပ်တက်ပြီး ရင်ခွင်ထဲအတင်းတိုးဝင်နေတဲ့ ရုံ ကြောင့် အလုပ်ကကောင်းကောင်းလုပ်လို့ မရ။

" ငါလည်း လိုက်မှာ "

ကိုယ့်မျက်နှာကို အတင်းဆွဲယူပြီး သူ့ကို ကြည့်စေကာ ပြောလာသည်။

" လိုက်လို့မရဘူးလို့ မောင် ပြောထားတယ်လေ "

" ဟင့်အင်း လိုက်မှာ ဂျီမကျဘူးလေ နော် နော် "

နှုတ်ခမ်းပါးပါးရဲရဲလေးကို ဆူပြီး ပြောနေတာက ကလေးလေးလို။ အသက်နဲ့ ရုပ်ပိုင်းဆိုင်ရာက ပြောင်းပြန်အချိုးကျနေသလား။အသက်က တဖြည်းဖြည်း ကြီးလာလေ လူက ပိုပိုပြီး နုလာလေ။ ပိုပိုပြီးလည်း ချွဲလာသည်။မသိရင် ဆယ်ကျော်သက်လေးလို။ အသက်သုံးဆယ်ဆိုတာ ဘယ်သူမှယုံနိုင်ဖွယ်မရှိ။

" ဒီတစ်ခါတော့ တကယ်မရဘူး
ငယ်ငယ် ... လမ်းက ကြမ်းရုံတင်မဟုတ်ဘူး အန္တရာယ်ပါ ရှိတယ် "

ဒီတစ်ခါ ခရီးက ကချင်ပြည်နယ် အစွန်အဖျားက ရွာတွေဆီ သွားမှာဖြစ်ပြီး လမ်းတလျှောက်က စစ်ဘေးရှောင်ရွာတွေကိုပါ ဝင်ရောက် ကုသပေးမှာဖြစ်တာကြောင့် ရုံ့ ကို မခေါ်သွားချင်။

" ဒါဆို မောင်လည်း မသွားရဘူး "

" မောင်က မသွားလို့မရဘူးလေ ဒါ မောင်လုပ်နေတဲ့ အလုပ် မောင်တာဝန်ကျေအောင် လုပ်ရမှာလေ "

" အဲ့ဒါကြောင့် ငါ့လည်း ခေါ်သွားလို့ "

ဒီစကားနှစ်ခွန်းနဲ့တင် ပတ်လည်ရိုက်နေပြီ ။

" ရုံကွာ မောင်ပြောပြပြီးပြီလေ ရုံက နေခဲ့နော် ရုံက နားလည်ရဲ့သားနဲ့ "

" လိုက်မှာ  အန္တရာယ်ရှိလို့ မခေါ်တာဆိုရင် မင်းလည်း မသွားရဘူး အန္တရာယ်က အကုန်လုံးအတွက် ရှိတယ် ငါ့တစ်ယောက်ထဲ ကွက်ရှိတာမှ မဟုတ်တာ ငါလည်း ယောကျာ်းပဲ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်တယ် "

ဘယ်လိုပြောပြရမယ်မှန်း စဉ်းစားလို့မရတော့လို့ သက်ပြင်းချမိတော့ လူပေါ်ကနေ ဆောင့်အောင့်ပြီး ဆင်းကာ
ကုတင်ပေါ်မှာ စောင်ကြီးခေါင်းမြီးခြုံပြီး သွားအိပ်နေသည်။ ဒါ ရုံ စိတ်ကောက်ရင် လုပ်နေကျ အပြုအမူ။

မောင့်စေတနာရုံ (မောင့်စေတနာရုံ)Donde viven las historias. Descúbrelo ahora