" ဟင့်အင်း ရုံ မနောက်နဲ့နော် ဟင့်အင်း မပြောနဲ့ မောင် မောင် မှားပါတယ် ဘာပဲ ဖြစ်ဖြစ် မောင် မှားသွားပါတယ် သူနဲ့ မပေါင်းနဲ့ဆို မပေါင်းတော့ပါဘူး မောင်မှားသွားပါတယ် မောင့် ကို မောင့် ကို "
" ဝုန်းးး "
အနည်းငယ်ကျယ်လောင်သော အသံတစ်သံကြောင့် ရုံ မောင့်ကို ကျောခိုင်းထားရာမှ လှည့်ကြည့်လိုက်သည်။
" မောင့် !!!!!!! "
ကုတင်ခြေရင်းမှာ ခွေခွေလေးလဲကျနေတဲ့မောင်။ခေါင်းမှာလည်း သွေး သွေးတွေ။
" မောင် ဟင့်အင်း မောင် "
ရုံ မောင့်အနား တဖြေးဖြေးတိုးသွားပြီး မောင့်ပုခုံးလေးကို လှုပ်ကာ ခေါ်ကြည့်ပေမယ့် မောင်က ထူးမလာ။
" မောင် မောင်လို့ ငါခေါ်နေတယ်လေ မောင့် အင့် ဟင့် မောင့် ငါ့ကို မနောက်ပါနဲ့ အင့် ဟင့် ငါမှားသွား အင့် ပါတယ် အင့် ဟင့် နောက် မပြော အင့် တော့ အင့် ပါဘူးး "
မောင့်ဘေးနားထိုင်လျက် ရှိုက်ကြီးတငင်ငိုကာ မောင့်ကိုလှုပ်နှိုးနေသော်လည်း မောင်က ငြိမ်နေလျက်ပင်။ ရုံ ဘာလုပ် ဘာကိုင်ရမှန်းမသိ။ စိတ် နဲ့ ကိုယ်နဲ့ လည်း မကပ် သူ့ကိုယ်သူ ဆရာဝန်ဆိုတာပင် မေ့နေသလား။
" မောင် အင့် ဖုန်း ဖုန်း "
တုန်တုန်ရီရီနဲ့ထကာ ဖုန်းလိုက်ရှာနေမိသည်။ မျက်လုံးထဲတွင်လည်းဘာကိုမှ မမြင်တော့ စားပွဲပေါ်မှာ ရှိနေတဲ့ ဖုန်းကိုပင် တော်တော်ရှာလိုက်ရသည်။ လက်တွေက တဆတ်ဆတ်တုန်နေတာမို့ ဖုန်းကို ပြုတ်မကျရန်မနည်းကိုင်ထားရတယ်။ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်သည်။
" ဟယ်လို "
" ကိုကို အင့် ကို အင့် ဟင့် မောင် ခေါ်လို့မရတော့ဘူး အင့် ရုံရုံ ကြောင့် အင့် လာခဲ့ပါ အင့် ရုံရုံ အင့် "
ဟိုဘက်က ဖုန်းကိုင်လိုက်သည်နှင့် ရုံ စကားကို တရစပ်ပြောနေမိသည်။
" စိတ်ကိုလျှော့ထားနော် ရုံရုံ ကိုကို အခုလာနေပြီ ဘာမှမဖြစ်ဘူးနော် "
" အင်း အင့် "
ဖုန်းချလိုက်တာနဲ့ မောင့်နားအပြေးပြန်သွားကာ မောင့်ခေါင်းလေးကို ရုံလက်မောင်းပေါ်တင်လိုက်သည်။ မောင့်နဖူးက စီးကျထားတဲ့ သွေးတွေကြောင့် ပေနေသော မောင့်မျက်နှာပေါ်က သွေးတွေကို လက်နဲ့ဖယ်ရှားပြီး မောင့်ကို တင်းတင်းဖက်ကာ ငိုနေမိသည်။