" ကိုကို့နားပဲနေပေးပါ ဘယ်မှမသွားပါနဲ့ "
ရုံရုံလက်ကို လက်နှစ်ဖက်နဲ့မလွှတ်တမ်းကိုင်ထားကာ သူ့နားကနေ ဘယ်မှမသွားဖို့ တဖွဖွ ပြောနေရှာသည်။
" ပန်းခြံထဲ လမ်းလျှောက်ကြမလားကိုကို အခန်းထဲမှာပဲနေရင် မွန်းကြပ်နေလိမ့်မယ် "
နွေဦးရောက်လာပြီမို့ သစ်ရွက်ခြောက်လေးတွေက နွေဦးလေ တစ်ခါဝှေ့တိုင်း ကြွေကြနေသည်။ မကြာခင်မှာ ရော်ရွက်နုလေးတွေ ဝေတော့မယ်။ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီး
တကျွီကျွီ နဲ့ ငှက်သံလေးတွေက တစ်ခုခုကို လွမ်းစရာကောင်းနေသလို။ နွေ က လွမ်းစရာ ရာသီပါလား။ကိုကို့ကို ကြည့်လိုက်တော့ ရုံရုံ့ကို ပြုံးပြီးကြည့်နေသည်။ ရုံရုံ ပြန်ပြုံးပြလိုက်ရင်း
" ကိုကို နေကောင်းနေပြီပဲ "
" ဟင့်အင်း ကိုကို နေမကောင်းသေးဘူး "
" အကြာကြီး နေမကောင်း မဖြစ်ပါနဲ့တော့ ကိုကို ကိုကို့လူနာတွေ မျှော်နေပြီ "
" ပြီးတော့ ခနကလိုမျိူး မလုပ်ပါနဲ့ ကိုကို ဘေးအခန်းမှာ နှလုံးရောဂါသည် ကလေးသေးသေးလေးရှိတယ် "
" အာ ကိုကို မသိလိုက်လို့ ရုံရုံ မရှိတော့ ကိုကို စိတ်မထိန်းနိုင်ပဲဖြစ်သွားတာ "
ခေါင်းလေးငုံ့ကာ အပြစ်ရှိသလို ပြောနေတဲ့ ကိုကိုဟာ သိပ်သနားစရာကောင်းတယ်။ တကယ်ကို သနားစရာကောင်းသည်။
"အဲ့လိုဖြစ်လို့မရဘူးလေ ကိုကို "
.
စားပွဲပေါ်က ထမင်းချိုင့်လေးကို ဆက်မာန်ဟိန်း တွေတွေကြီး ကြည့်နေမိသည်။
" မောင့်ကလေးလေး ထမင်းမစားရသေးဘူး "
" တိုဆက် "
" ဂုံလေး ဘယ်နား နာလို့လဲ သား ဘာလုပ်ချင်လို့လဲ "
" တိုဆက် နိုနဲ့ တိတ် "
လက်တုတ်တုတ်လေးတွေနဲ့ မျက်နှာကိုလှမ်းထိကာ ပါးပြင်ပေါ်က မျက်ရည်တွေကို လှမ်းသုတ်ပေးရှာတယ်။
" ဟင် "
သူငိုနေတာလား။ သူမသိလိုက်ခင်မှာ မျက်ရည်တွေ ကျနေမိတယ်ထင်တယ်။
