Part - 12

28K 2.6K 658
                                    

" မောင် တကယ်ယူသွားရမှာလားဟင် "

" တကယ်ပေါ့လို့ မောင် က အကုန်တောင် ပြင်ပြီးပြီ "

"  ဒီ စတော်ဘယ်ရီ မစ် ( stawberry milk) လေးပဲယူသွားလိုက်မယ်လေ မရဘူးလားဟင် "

ကိုယ်တိုင်ဖျော်ပြီးထည့်ပေးထားတဲ့
စတော်ဘယ်ရီမစ်ရှိတ် ဘူးလေးကို ကိုင်ပြီး မျက်တောင်ပုတ်ခတ် ပုတ်ခတ် နဲ့ ပြောနေပုံက အသဲယားဖွယ်ကောင်းသည်။

"မရဘူး ဒီတစ်ရက် နှစ်ရက်တော့ မောင် ချက်တာပဲ ကျွေးချင်သေးတယ် ဖြစ်နိုင်ရင် မောင်က ကိုယ်တိုင်လာကျွေးချင်တာနော် "

ဟုတ်တယ်လေ... အခုမှ နေကောင်းတာကို အပြင်စာတွေ မကျွေးနိုင်ပါဘူး။ ကိုယ်တိုင်တောင် သွားကျွေးချင်တာ အဆင်မပြေလို့ ထမင်းချိုင့်ထဲပေးတာကို မယူချင်ဘူးလုပ်နေသည်။ အဆင်မပြေဘူး ဆိုတာကလည်း ကိုယ်တွေက တရားဝင်ယူထားပေမဲ့ တရားဝင်တော့ ချပြခြင်း မခံထားရဘူးမဟုတ်လား။

"ဆေးရုံက ကန်တင်းက လူနာတွေပါစားလို့ရအောင် သန့်သန့် လေး နဲ့ အာဟာရ ပြည့်တာတွေပဲ ချက်တာမို့ ကန်တင်း မှာ စားလည်း ရပါတယ်ဆို စား နေကျပဲကို မောင်ကလည်း "

ရုံ ရဲ့ ဆေးရုံက ကွန်ဒို နဲ့ နည်းနည်းဝေးတာကြောင့် နေ့လယ်စာကို ဆေးရုံကန်တင်းမှာပဲ စားဖြစ်သည်။ မောင် ကတော့ အိမ် ပြန်စားသည် ထင်သည်။ တစ်ခါတစ်လေ ရပ်ကွက် က ကျွေးသည်လို့တော့ ပြောသည် သိပ်တော့မသိ​ပေ။

" ရုံ က မောင် ချက်တာ မစားချင်လို့လား မောင်က မနက်အစောကြီးထပြီး ရုံ ကြိုက်တာလေးတွေကို သေချာ ပြင်ဆင်ထားတာ ငါးကိုလည်း သေချာအရိုးထွင်ပြီး  သေချာပေါင်းပေးထားတာ ဝက်ချိုချဥ်လေးရယ် အမဲစွပ်ပြုတ်လေးရယ်လေ သီးစုံကြော်​လေး​​ရောမောင် က သေချာချက်ထားတာကို ယူမသွားချင်ဘူးလားဟင် "

မျက်နှာငယ်လေးနဲ့ ပြောနေသော မောင်က လိုချင်တာ ရဖို့ အမေကို ပူဆာနေတဲ့ ကလေးလေးနဲ့ တူသည်။ နေကောင်းနေပါပြီဆိုတာကို သူ့မှာစိတ်မချနိုင် အစောကြီးထပြီး အတင်း ထမင်းချိုင့်တွေပြင် ။ ရုံ တကယ် ဆေးရုံကို ထမင်းချိုင့်ယူမသွားချင်ဘူး ။  ဆေးရုံကန်တင်းကြီး တစ်ခုလုံး ရှိနေတာကို ။

မောင့်စေတနာရုံ (မောင့်စေတနာရုံ)Where stories live. Discover now