မင်းနေခ ဓာတ်လှေကားထဲ ဝင်လိုက်တော့ မျက်နှာတည်တည်နဲ့ ကောင်လေး တစ်ယောက်ရှိနေသည် ။
" အခုမှ ရောက်တာလား "
" အင်း "
ဘာလဲ ဟိုနေ့ကကျတော့ ကိုကို ကိုကို နဲ့ ပြုံးပျော်နေပြီး ဘာလို့ အေးစက်နေပြန်တာလဲ ။
" မနက်စာ စားပြီးပြီလား "
" အင်း "
" ကိုကို့ကို စိတ်ဆိုးနေလား "
ရှေ့ကိုပဲ တည့်တည့်ကြည့်ကာ ခေါင်းရမ်း ပြလာသည် ။
" ဒါဆိုဘာလို့လဲ "
ဒီကောင်လေး ခေါင်းပဲ ခါပြတတ်တာလား လူကိုက တစ်ချက်မှပင် လှည့်မကြည့်လာ ။
" ကိုကိုတို့အရင်လို ပြန်နေလို့ရမလား "
" ဘယ်လို...လဲ "
" အရင်လို ကိုကို ဆိုပြီး ချွဲတတ်တဲ့ကောင်လေး ပြန်လာပေးပါ ဒီလို အေးစက်နေတာမျိုးကို ကိုကို မလိုချင်ဘူး "
" ဘယ်သူက ဒီလို ဖြစ်အောင် လုပ်ခဲ့တာလဲ "
" မရည်ရွယ်ခဲ့ဘူး မဟုတ်ဘူး ဒီလို ဖြစ်သွားမယ်လို့ ကိုကို မထင်ခဲ့ဘူး "
". ........."
.
လျှော်ပြီးသား အဝတ်အစားတွေကို တစ်ပွေ့တစ်ပိုက်ကြီး မ လာကာ မီးပူတိုက်စင် ဘေးက ခုံတွင် ချလိုက်သည်။နှစ်ယောက်ဝတ်ထားသောတစ်ပတ်စာ အဝတ်တွေမို့ အဝတ်တွေက များသည်။အသန့်ကြိုက် ကိုယ်တော်ချောက တစ်နေ့ရေသုံးခါလောက်ချိုးပြီး အဝတ်သုံးခါလောက်လဲနေတာမို့ အဝတ်များနေတာကလည်း မဆန်းပေ။
" မောင် မီးပူတိုက်မို့လား "
" အင်း "
" အများကြီးပဲ မောင် ညောင်းနေတော့မှာပဲ နောက်နေ့က စပြီး ငါ လျှော့ဝတ်မယ်နော် "
" အဟင်း မောင့်ကလေးငယ်လေးက သိတတ်လိုက်တာ အဲ့ဒါကြောင့် မောင်က သေမတတ်ချစ်နေရတာ "
" အဲ့လိုတွေ မပြောပါနဲ့ဆို "
" ပြောမှာပဲကွာ "
" ဟွန့် လူဆိုးကောင် "
" ကလင် ကလင် ကလင် "
ထမြည်လာသော ဖုန်းကို ကြည့်လိုက်တော့ ဆေးကျောင်းတုန်းက သူငယ်ချင်း " ဝဠာထိုက် " ။