" ကိုကို သတိရလာပြီလား "
ကိုကို က ရုံရုံကို တစ်ချက်လှည့်ကြည့်ပြီး မျက်နှာလွဲသွားသည်။
" ခနနော် မျက်နှာသစ်ဖို့ ရေသွားယူဦးမယ် "
ရုံရုံ ဇလုံတစ်ခုထဲ ရေထဲ့ပြီး မျက်နှာသုတ် နှစ်ထည် ယူလိုက်သည်။
" ကိုကို ခန ထ "
ကုတင်ကို နည်းနည်းမြှင့်လိုက်ပြီး ကိုကို့ကို ခနထိုင်ဖို့ ထူပေးတော့ ရုံရုံလက်တွေကို ခါချကာ သူ့ကိုယ်သူ ထထိုင်သည်။
" ကိုကိုက အရမ်းဆိုးတာပဲ ကိုယ့်ကိုယ်ကို ဂရုမစိုက်ဘူး နောက်ဆို ဒီလို မဖြစ်စေနဲ့နော် "
မျက်နှာသုတ် တစ်ထည်ကို ရေစွတ်ပြီး ကိုကို မျက်နှာလေးကို သန့်ပေးလိုက်သည်။ ကိုကိုကတော့ ခုထိ စကားတစ်ခွန်း ဟ မလာသေး။
" သက်သာလား မောင်နေခ "
အဖိုး နဲ့ ဒေါ်ကြီး တောင် ရောက်လာပြီ။
မနေ့ကထဲက ကိုကို့ သတင်းကြားပြီးထဲက စိတ်မကောင်းဖြစ်နေတဲဲ့ ဒေါ်ကြီး ။ ရုံရုံ အတွက်ရော ကိုကို အတွက်ရော အဝတ်အစား အစားအသောက် လိုအပ်တဲ့ ပစ္စည်းတွေ ယူကာ ညထိနေပြီးမှ အဖိုး နဲ့ အတူ ပြန်သွားသည်။ အခုလည်း မနက်စောစော အဖိုး နဲ့ ရောက်လာပြန်ပြီ။
" ဟုတ် သက်သာပါတယ် "
ကိုကိုလည်း အခုမှ အသံထွက်လာတော့တယ်။
" အေး ထူးချွန်လို့ အားကိုးနေပါတယ်ဆို မဖြစ်သင့်တဲ့ မတော်တဆတွေက ဖြစ်သေးတယ် နောက်ခါ ဒီလိုတွေ မကြားချင်ဘူးကြားလား "
" ဟုတ် တောင်းပန်ပါတယ် နောက်ခါ မဖြစ်ရစေရပါဘူး "
စိုးရိမ်ဒေါသ နဲ့ ပြောလာတဲ့ အဖိုး စကားကြောင့် ကိုကို က ခေါင်းလေးငုံ့ကာ တိုးတိုး ဖွဖွ နဲ့ ပြန်ပြောသည်။ ဒါကို ရုံရုံ စိတ်မကောင်း ရုံရုံ့မှာ အပြစ်ရှိသလို ခံစားနေရတယ်။
" အေး နောက်တစ်ခါဆို အလုပ်ထုတ်မယ် "
"အဖိုး "
" ဘာလဲ မင်းလဲ မင်းကိုကိုနားပဲ ကပ်မနေနဲ့ ကိုယ့်အလုပ်ကို လုပ်ဦး "
" လုပ်မှာပါ "
အဖိုးက သူ့ကို မကြည်ကြည့်တစ်ချက်ကြည့်ကာ ထွက်သွားသည်။ မြေးအဖိုး နှစ်ယောက်သာ ရှိတော့ပေမဲ့လည်း ရုံရုံ က အဖိုးကို သိပ်မတွယ်တာ။
