" ငါ့ကောင်ကြီး "
ဆက်မာန်ဟိန်း ဆေးခန်းပိတ်ဖို့ လုပ်နေတုန်း အသံတစ်သံကြောင့်လှည့်ကြည့် လိုက်တော့ သူ့ရဲ့ တစ်ဦးတည်းသော သူငယ်ချင်း လင်းရောင်ခြည်။ ဒီကောင် မနက်ကမှ ပြန်ရောက်တာကို မနားဘူး။
" အေးဆေးမနားဘူး ငါလာတွေ့မှာပေါ့ကွာ "
" အသဲလေးကို တွေ့ဖို့ မအောင့်နိုင်တော့လို့ "
ပြီတီတီ မျက်နှာဘေးနဲ့ ပြောတဲ့ လင်းရောင်ခြည်ကို စိတ်ပျက်စွာကြည့်လိုက်သည်။ ဒီကောင် စစခင်တုန်းကတော့ အေးမလိုလိုနဲ့ တကယ့် ငပြောင်ကောင်။
" ချီးကို အသဲလေး "
" ဒါမင်းဆေးခန်းလား "
" အေး ခနနော် ပိတ်လိုက်ဦးမယ် "
" အမလေးကွာ ဆေးရုံပိုင်ရှင်ယောကျာ်းက ဆေးခန်းဖွင့်ထားတယ်ဆိုလို့ အကြီးကြီးမှတ်နေတာဟေ့ ရပ်ကွက်ထဲမှာ လူတစ်ကိုယ်စာ ဝင်လို့ရတဲ့ ဆေးခန်းသေးသေးလေးတဲ့လား အဟက် "
" ဘာလဲ တစ်လတစ်လ ဒေါ်လာနဲ့ ချီပြီးရနေတော့ ငါ့ကို နှိမ်ပြီပေါ့ "
" အံ့သြလွန်းလို့ဟ "
" ရုံတို့က ငါ့ကို ခေါ်ပါတယ် ငါကိုယ်တိုင်က ဒီလိုလေးသဘောကျလို့ပါကွာ "
"အေးးးပါကွာ "
" ငါ့အိမ်လိုက်မယ်မလား အေးဆေးစကားပြောကြရအောင် ဒီနားကွန်ဒိုတင် "
" မလိုက်ချင်ပါဘူး ဆိုင်တစ်ဆိုင်ပဲသွားမယ် "
" ဟို ရုံ ပြန်လာခါနီးပြီမို့ သူ့ကိုပါ တစ်ခါထဲတွေ့ရအောင်လေ "
သူ့ကို အိမ်ခေါ်ချင်တာထက် သူ့ယောကျာ်းပြန်လာရင် သူအိမ်မှာ မရှိမှာကို ပို စိုးရိမ်နေတာ။ မသိရင်ခက်မယ် ခွေးကောင်။
" အဲ့ ရုံ ဆိုတာကြီးကို မတွေ့ချင်တာကွာအေးစက်စက်နဲ့ ငါနဲ့လည်း ရင်းနှီးတာမဟုတ်ဘူး "
" မင်းကလည်း "
" ဘာလဲ မလိုက်ချင်ဘူးလား အိုခေ ငါ သွားတော့မယ် "
" အော် ကိုလင်းရောင်ခြည် ရယ် စိတ်ကြီးပါပဲလား ခနလေး နေပါဦး ရုံ ကို ဖုန်းဆက်လိုက်ဦးမယ် "
