ရုံ အိပ်ယာနိုးတော့ 6 နာရီပင် ရှိသေးသည်။ သို့သော် ကုတင်ပေါ်တွင်တော့ သူတစ်ယောက်ထဲသာရှိတော့သည်။မထချင်သေးသော်လည်း ထိုကောင်လေးဘယ်ရောက်နေလဲ သိချင်၍ ကုန်းရုန်းထလိုက်သည်။ ဟာ...ဆက်မာန်ဟိန်း ရိုးရိုးထမသွားဘူး။လူကို စောင်တွေနဲ့ ထုပ်သွားတာ။
ဟူး...ဆောင်းတွင်းမှာ စောင်ထဲက ထွက်ရဖို့အရေး ချွေးတောင်ပြန်သည်။
ထမင်းစားခန်းထဲက အသံတွေကြောင့် ထမင်းစားခန်းထဲ သွားကြည့်တော့ ကောင်လေးတစ်ယောက်အလုပ်ရှုပ်နေဟန် ။
"မောင် "
အိပ်ချင်မူးတူး အသံလေးကြောင့် အသက်ကလေး နိုးလာပြီဆိုတာ သိလိုက်ပြီ။
ဆံပင်တွေက ထိုးထိုးထောင်ထောင်နဲ့ အိပ်ယာနိုးစ မှုန်မှုန်မွှားမွှားလေး ဖြစ်နေတာတောင် မျက်နှာလေးက ရှင်းသန့်နေတာပဲ ။ ဆောင်းရာသီမို့ နှာထိပ်လေးတွေနဲ့ ပါးလေးတွေက ရဲလို့ စူပုပ်ထားတဲ့ နှုတ်ခမ်းလေးကလေး နီဆွေးဆွေးလေး။ ဖရိုဖရဲဖြစ်နေတဲ့ညအိပ်ဝတ်စုံအပြာရောင်လေးထဲမှာ ခန္ဓာကိုယ်လေးက မြှုပ်နေတာက ချစ်စဖွယ်အတိ။
" ရုံ နိုးပြီလား အဟင်း "
" ဘာရယ်တာလဲ "
"မောင့်စေတနာရုံလေးက ချစ်ဖို့ကောင်းလို့ "
"အပိုတွေ "
အနားသွားပြီး ကပိုကရို ဖြစ်နေတဲ့ ဆံပင်လေးတွေကို လက်ဖြင့် ဖွဖွ သပ်ပေးရင်း ပြောလိုက်တော့ နှုတ်ခမ်းလေးကို မဲ့ကာ ပြန်ပြောလာသည်။
"မပိုပါဘူး မောင့် မျက်လုံးထဲမှာတော့ မောင့်ကလေးလေးက ဘယ်ချိန်ချိန် ဖြစ်ဖြစ် ချစ်ဖို့ကောင်းတယ် "
"မင်းသွားပြီ ထင်နေတာ "
" ဘာလဲ မောင်က မပြောမဆိုသွားလိုက်မှာ ဆိုးလို့လား "
" မဟုတ်ပါဘူး "
" ဟုတ်ပါတယ် "
နှာခေါင်းလေးကို ဖွဖွလေး ညှစ်ပြီး စနောက်လိုက်သည်။
" မလုပ်နဲ့ကွာ "
ကိုယ့်လက်ကို ရိုက်ချကာ ထမင်းစားပွဲပေါ်ကို အကြည့်ရောက်နေသည်မို့