Part - 23 (Final)

58.8K 2.7K 488
                                    

" တီ...တီ...တီ...တီ..."

မောင့်နှိုးစက်လေးဆီက အသံပေးလာပြီမို့ အကျင့်ရနေပြီ ဖြစ်တဲ့ မျက်လုံးနှစ်လုံးကလည်း အလိုအလျောက် ဖွင့်ပြီးသား။

ဘေးက နေရာလွတ်လေးကို ကြည့်ရင်း ရုံ ပြုံးလိုက်သည်။

မင်းနှိုးစက်လေးက အခုထိ တာဝန်ကျေနေတုန်းပဲ မောင်။

ရေခဲသေတ္တာထဲက လွန်ခဲ့တဲ့ သုံးရက်လောက်က ဝယ်ထားတဲ့ ဟင်းချက်စရာတွေကို ယူလိုက်သည်။ နောက် နှစ်ရက် သုံးရက်ဆို ကောင်းတော့မှာမဟုတ်ဘူး ။

ငါးနာရီခွဲဆိုပေမယ့် နွေရာသီမို့ အလင်းရောင် ကို မြင်နေရပြီ ။

" ဦးလေး ရော့ အိမ်မှာ ချက်စားရအောင် "

" ပေးပြန်ပြီကွာ "

ရုံတို့ကွန်ဒို ရဲ့ လုံခြုံရေး ဦးလေးကြီးကို ဟင်းချက်စရာတွေပေးတိုင်း ဦးလေးကြီးက ဒီလိုပဲ ပြန်ပြောတတ်သည်။

" မချက်စားရင်လည်း ဝယ်မနေနဲ့လေကွာ "

" မဝယ်ထားတဲ့ချိန် ချက်​ကျွေးမယ့်သူ ပြန်ရောက်လာရင် ဘယ်လိုလုပ်မလဲ "

" ချက်ကျွေး မယ့်သူက ဘယ်ချိန်ပြန် ရောက်မှာလဲ ငါလည်း ဟင်းချက်စရာ မဝယ်ရတာ နှစ်နဲ့ချီနေပြီ "

" အဟား နောက်ဆို  ဝယ်ရတော့မှာပါဗျ ဟားဟား "

ပြောနေကျ စကားတွေနဲ့သာတုံ့ပြန်ပြီး ကွန်ဒို အပြင်ဘက်ကို ထွက်ခဲ့သည်။

" ဆရာလေး စောလှချည်လား "

" ပုံမှန်ပါပဲဗျာ ဝါးးးး ပုဇွန်တွေ လတ်တာပဲ ဘယ်စျေးလဲ "

မောင်... မင်းပြောတာမှန်တယ် ရပ်ကွက်စျေးက ပိုပြီး သန့်ရှင်း လတ်ဆတ်တယ်။ ငါလည်း ကုန်တိုက်တွေထက် ရပ်ကွက်စျေးကို ပိုသဘောကျနေပြီ မောင်။

" ကလင် ကလင် ကလင် "

အခုမှ အိမ်ရောက်လို့ အမော မပြေသေးဘူး အမောဆို့စရာ ဖုန်းကလာပြီ။

" ဘာလဲ "

" ကိုး နာရီ နော် နောက်မကျစေနဲ့ "

အောင်မာ ဒင်းကများ ...

" မလာနိုင်ဘူးကွာ "

" မလာရင် သေခန်းပြတ်ပဲနော် အပို မပြောဘူး "

မောင့်စေတနာရုံ (မောင့်စေတနာရုံ)Donde viven las historias. Descúbrelo ahora