Part - 17

28.6K 2.4K 292
                                    

" မေမေ့ "

ချွေးသီးချွေးပေါက် တွေနဲ့ အတူ ရုံ လန့်နိုးလာခဲ့တယ်။ မက်ပြန်ပြီ ဒီအိပ်မက် ။ ဘေးကို ကြည့်လိုက်တော့ မောင် ရှိမနေ။

" ဟမ် မောင်ရော "

အိပ်မက်ဆိုးကြောင့် လန့်နိုးလာတဲ့အချိန် မောင့်ကို မတွေ့ရတော့ ထိတ်လန့်မှုက နှစ်ဆ။ ဘေး မှာ မောင် ရှိမနေခြင်းဟာ အိပ်မက်ဆိုး ထက် ကြောက်ဖို့ ကောင်းသည့်အလား။

နာရီကိုကြည့်လိုက်တော့ မနက် (3) နာရီ။

ရေချိုးခန်းထဲလည်း မရှိတာကြောင့် အခန်းပြင် ထွက်ခဲ့သည်။ ဧည့်ခန်းထဲမှာတော့ မတွေ့။

" ဒီအချိန်ကြီး မောင် ဘယ်များသွားတာလဲ "

ထမင်းစားခန်းထဲ ချောင်းကြည့်တော့လည်းမရှိ ။

" ဘာလဲကွာ ငါ့ကို လက်စားပြန်ချေနေတာလား"

ဆေးစင်အောက်မှာ ပုန်းနေမလား ဆိုပြီး သွားကြည့်တော့လည်း မတွေ့ ။ သွားလိုက်တိုင်း ဘယ်မှာမှ မရှိတာမို့ ရုံ ငိုချင်လာပြီ။

ဝရံတာ မှာများထိုင်နေမလား ။

ဝရံတာ ဆီ ထွက်တဲ့ တံခါးက ဂျက်ဖွင့်ထားတာမို့ ဝရံတာမှာ ရှိနေတာပဲ။

တံခါးကို အသာ ဟပြီး ကြည့်လိုက်တော့ ကုလားထိုင်ပေါ်ထိုင်ပြီး ကောင်းကင် ကြီးကို ကြည့်နေတဲ့မောင်။

ဘေးတိုက်အနေထားပဲ မြင်နေရပေမယ့် မောင့်မျက်နှာက ဥပဓိရုပ် သန့်ပြီး ခန့်ညားတဲ့ မျက်နှာပိုင်ရှင်မျိုး။ မြင်တဲ့သူတိုင်းက အားကိုးချင်စရာ ရုပ်ရည်မျိုး။နွေးထွေးပြီးတော့ အနစ်နာခံတတ်တဲ့သူမျိုး။ အကောင်းမြင်တတ်တယ်။ စိတ်နှလုံးသားက သိပ်ဖြူစင်တာ ။ ဒါတွေကြောင့်ပဲ မောင့်ကို တွဲဖို့ ရုံ ပြောခဲ့မိတာထင်တယ်။ မောင် မင်းသာ ငါ့ကို ဒီလောက်ထိ ချစ်မယ်မှန်းသိရင် အစထဲက ငါ မင်းကို တွဲဖို့ မပြောခဲ့သင့်ဘူး။
ရုံ နဲ့ မောင်က မတန်ပါဘူး မောင်။

ကြင်နာတတ်တဲ့ မျက်ဝန်း တွေပိုင်ထားတဲ့မောင်။
အခု ကောင်းကင်ကြီးကို ကြည့်နေတဲ့ မောင့် မျက်ဝန်း​တွေကတော့ ဝမ်းနည်းနေတယ်တဲ့။

မောင့်စေတနာရုံ (မောင့်စေတနာရုံ)Where stories live. Discover now