Hello Htet ပါ။
နေကောင်းကြရဲ့လားရှင်။" မောင့်စေတနာရုံ " လေးကို screen ပေါ်မှာတင် မဟုတ်ဘဲ စာရွက်လေးပေါ်မှာပါ မြင်ရ၊ဖတ်ရရန်အတွက် စာအုပ်လေးအဖြစ်ဖန်တီးဖို့ ရည်ရွယ်လိုက်တဲ့အကြောင်းကို လာပြောပြတာပါရှင်။
အချိန်အကြာကြီးစဥ်းစားပြီး၊အများကြီးတွေးပြီးတော့မှ သေချာချလိုက်တဲ့ဆုံးဖြတ်ချက်ပါ။
စာအုပ်တိုက်ဘက်ကနေ တာဝန်အရမဟုတ်ဘဲ" မောင့်စေတနာရုံ "ကို ဖတ်ပြီး သဘောကျချစ်ပေးပြီး စိတ်ရှည်ရှည်နဲ့ ကမ်းလှမ်းလာတာကြောင့် စတွေးဖြစ်ခဲ့တာပါ။
စာအုပ်မထုတ်ဘူးလားမေးပေးတဲ့ကလေးတွေကြောင့်လည်း စာအုပ်ထုတ်ဖို့ကို အရဲစွန့်လိုက်တာပါ။
ဒီအရွယ်မှာ ဒီလိုကောင်းမွန်တဲ့တွေ့ဆုံခြင်းလေးရှိခဲ့ပါလား။ " မောင်နဲ့ရုံ " ကိုဖန်တီးခဲ့တာပါလား ။ " မောင်နဲ့ရုံ " ကနေအစပြုလို့ ကောင်းမွန်တဲ့အမှတ်တရလေးတွေရှိခဲ့ပါလား ဆိုတာကို တချိန်မှာ စာအုပ်ကလေးကြည့်ပြီး ကြည်နူးချင်မိပါရဲ့။
ထက်ရဲ့ပထမဦးဆုံး Fiction ဖြစ်ပြီးလိုအပ်ချက်တွေအများကြီးလည်းရှိနေတာကို သိပါတယ်။ ပထမဦးဆုံးအရေးအသားဖြစ်တာကြောင့် လိုအပ်ချက်တွေရှိနေပေမဲ့ စာလုံးပေါင်းသတ်ပုံ၊ နေရာအထားအသို၊ဝါကျတည်ဆောက်ပုံတွေကို သေချာစိစစ်ပြန်ပြင်ပြီး စာမူကိုသေချာပြင်ဆင်နေပါတယ်ရှင်။
စာအုပ်လေးကို Quality ကောင်းကောင်းနဲ့သပ်သပ်ရပ်ရပ်ထွက်လာဖို့ကို တိုက်နဲ့အတူကြိုးစားဖန်တီးသွားမှာပါရှင်။ အသေးစိတ်ကိုတော့ Preorder ကောက်ခါနီးလေးမှာ တစ်ခါပြန်ပြောပါမယ်နော် ။ ထက်ကအကောင်းဆုံးတွေကိုပဲပေးချင်တယ်ဆိုတာယုံပေးနော်။
Preorder ကာလ က (11) လပိုင်းလောက်မှာ ဖြစ်လောက်မယ်ရှင့်။
Dream World - Book Publishing House ကနေ ထွက်မှာပါရှင်။ဒီအတောအတွင်းမှာ " မောင့်စေတနာရုံ " ကိုစာအုပ်လေးအဖြစ်ဖန်တီးပေးဖို့လာကမ်းလှမ်းပေးကြတဲ့ စာအုပ်တိုက်တွေအကုန်လုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။အများကြီးအားဖြစ်ရပါတယ်ရှင်။
