" မြူးကြွတဲ့တေးသံ ပျံ့လွင့်လို့နေ.....
ကူးပြောင်းစ တန်ခူးလေမှာ.....
တစ်ယောက်တစ်လှည့်မို့လှမ်းကာ.....
ဖျန်းပက်ကြစဥ် ........
ပိတောက်ဖူးလေးတွေ .....
ပန်ဆင်ထားသူရေ........
ခေါင်းကလေးမော့လို့ .......
ပိတောက်ဖူးလေးတွေ.......
ပန်ဆင်ထားသူရေ.......ပျော်ပျော်ရွှင်ရွှင် တီးမှုတ်ကြတဲ့ပွဲမှာ.....
ငိုနေရှာတယ်....
ပန်းပိတောက်ဖူးတွေထဲ.....
ရာသီအချိန်မီ ......
လှမ်းပွင့်ခဲ့တဲ့ပိတောက်ကို ........
ပန်ဆင်ပါရင် လှသထက်တင့်မှာမို့ ......"ဆက် ရေမိုးချိုးပြီးထွက်လာတော့ ဂုံဂုံလေးတို့အိမ်က ပျံ့လွှင့်လာတဲ့ သင်္ကြန်သီချင်းလေးက နားထဲကို ငြိမ့်ငြိမ့်ညောင်းညောင်းလေး စီးဝင်လာသည်။နှုတ်ကလည်း မခိုင်းစေဘဲနဲ့ အလိုအလျောက် တိုးတိုးဖွဖွ လိုက်ဆိုမိသေးသည်။
အော်.....သင်္ကြန် တောင် ရောက်လာပြီပဲ။တစ်နှစ် တစ်နှစ် အချိန်ကုန်တာ မြန်လိုက်တာ။ဆက် နူးနူးညံ့ညံ့ ပြုံးလိုက်ရင်း အဝတ်လဲရန်ပြင်လိုက်သည်။ ကုတင်ပေါ်က အသည်းအသက်လေးကတော့
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်း ။" ကလေးငယ် မောင့်ကလေးလေး ထတော့လေ "
လေပြေအေးလေးနဲ့ နှိုးတော့ တုပ်တုပ်တောင် လှုပ်မလာ။
" ပူတူတူးလေးရုံ "
" အင့် "
အင့် ဆိုပြီး ထများလာတာလားလို့ ဖင်ဘူးထောင်ပြီး ပြန်အိပ်နေပြန်သည်။ပြောရရင် အိပ်တဲ့ ပုံစံပြောင်းလိုက်တာပေါ့။ဇတ်တွေ နာတော့မှာပဲ။
" အ.. ဟင့်.. နာ "
ရုံ့ပုံစံကြည့်ပြီး သွားယားလာတာနဲ့ ထောင်နေတဲ့ ဖင်ကို ဖွဖွကိုက်လိုက်တော့ အပိုတွေလုပ်ကာ နာပြသေးတာ။ စေတနာရုံတို့က အခုနောက်ပိုင်း အပိုတွေလည်း အရမ်းတတ်။
" ထတော့ သဲငယ် ရေမိုးချိုး
ဘုရားရှိခိုးကြမယ် ပြီးရင် ဖိုးဖိုး နဲ့ ဒေါ်ကြီးကို ကန်တော့မယ် ထ "တင်ပါးလေးကို ဖွဖွပုတ်ကာ နိုးမှ အိပ်ချင်မူးတူးနဲ့ ထထိုင်ပြီး နှုတ်ခမ်းကြီး ဆူထွက်လာကာ နမ်းခိုင်းနေပြန်သည်။ မျက်လုံးတွေကတော့ ဖွင့်မလာသေး။
