" ကလင် ကလင် ကလင် "
" ကလင် ကလင် ကလင် "
ညသန်းခေါင်ယံအချိန် ဖုန်းမြည်သံကြောင့် ဆက်မာန်ဟိန်း နှင့် စေတနာရုံ နှိုးလာသည် ။
"ကျစ်... "
စေတနာရုံ ဖုန်းသံကြောင့် နာရီကြည့်လိုက်တော့ ညတစ်နာရီ ။ သူ့ဘဝမှာ အိပ်ရေးပျက်တာလောက်မုန်းတာ မရှိပေ ။ ထို့ကြောင့် Night Duty ပင် သူ မယူ ။
" ဟယ်လို"
ညအိပ်ချိန်မှာ ဖုန်းကို အသံမပိတ်ထားတဲ့ မောင့်ကို မကျေမနပ်ကြည့်နေမိသည်။
" ကျွန်တော် အခု လာခဲ့မယ် "
" ရပ်ကွက်ထဲက ကိုယ်ဝန်ဆောင်သည်တစ်ယောက် ဗိုက်နာလာလို့ မောင်သွားရမယ် "
ဆက်မာန်ဟိန်း ဖုန်းချချချင်းပင် မျက်မှောင်ကြုတ်ကာ ကြည့်နေတဲ့ ရုံရုံ ကို အကျိုးအကြောင်းပြောရင်း ကုတင်ပေါ်က ဆင်းပြီး အပြင်ထွက်ရန် ပြင်ဆင်လိုက်သည်။
" ဒီအချိန်ကြီး.... နီးစပ်ရာ ဆေးရုံ လွှတ်လိုက် "
" မိခင်က ကိုယ်ဝန်စလွယ်ကတည်းက မောင်နဲ့ ပြထားတာ မောင်သွားရမယ် "
" အဲ့ဒါကြောင့် ငါ့ဆေးရုံမှာ လုပ်ပါဆို ခုတော့ စည်းမရှိ ကမ်းမရှိ အချိန်မဟုတ် အခါ မဟုတ် "
" မောင်တို့က ဆရာဝန်လေ လူနာ အသက်ကယ်တဲ့အခါ အချိန်ရွေးနေလို့မရဘူးလေ "
" ကျစ်.. ငါတစ်ယောက်တည်း "
" ရုံရော လိုက်ခဲ့မလား "
" မလိုက်ပါဘူး "
" ဒါဆို မောင်သွားမယ် အိမ်ရာဝန်းရှေ့မှာ ဆိုင်ကယ်နဲ့ စောင့်နေတယ်ပြောတယ် ပြီးတာနဲ့ မောင်တန်းပြန်လာမှာ တံခါးသေချာ ပိတ်ထားနော် နွေးနွေးထွေးထွေးပြန်အိပ်နေ "
" အင်း "
ရုံရုံရဲ့ တုံ့ပြန်သံတောင် လှည့်မကြည့်အား လောလော လောလော နဲ့ ထွက်သွားသော ကောင်လေး ။
" အေးကအေးနဲ့ ဆေးရုံမသွားပဲ ဆေးခန်းသေးသေးလေးက ဆရာဝန်ကို လာဆက်သွယ်ရတယ်လို့ ဆရာဝန်က အဲ့လောက်ရှားလား "
ရုံရုံ ပွစိပွစိ ပြောပြီး တံခါးသေချာ ပြန်ပိတ်လိုက်သည် ။