Hello Htet ပါ။
နေကောင်းကြရဲ့လားရှင့်။
ထက်ရဲ့Notiလေးကြောင့် စိတ်အနှောင့်အယှက်လေးဖြစ်သွားတယ်ဆိုရင် အားနာပါတယ်ရှင်။ 2022. 11 လပိုင်းလေးကတော့ " မောင့်စေတနာရုံ " Fiction လေးကို စာအုပ်အဖြစ်ပုံဖော်မဲ့ လလေးပါ။ ထုတ်ဝေမဲ့ စာအုပ်တိုက်က " Sakar War - Book Publishing House " ကပါရှင့်။ ထက် page ရဲ့ ပုံလေးကို ထည့်ပေးထားပါတယ် ။ စာအုပ်နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကို ဖြည်းဖြည်းချင်း ချပြသွားတော့မှာမလို့ စိတ်ဝင်စားတယ်ဆို စာအုပ်တိုက်ရဲ့pageလေးဆီကို သွားပြီးလည်ပတ်လို့ရပါတယ်ရှင်။ ရိုးရိုးရှင်းရှင်းနဲ့ လှလှပပလေးဖြစ်အောင် အမှတ်တရကောင်းလေးအဖြစ်ကျန်ခဲ့အောင် ကြိုးစားထားပါတယ်ရှင့်။ လမ်းခရီးအခြေအနေကြောင့်ပဲဖြစ်ဖြစ် ဝယ်ယူဖို့အခက်အခဲရှိနေမယ်ဆို ဝမ်းမနည်းပါနဲ့နော်။" ဆက်မာန်ဟိန်း " နဲ့ " စေတနာရုံ " က ဒီနေရာလေးမှာအမြဲတမ်းရှိနေမှာမလို့ သတိရတိုင်း၊လွမ်းတိုင်းအလည်လာပါနော်။ ဖတ်ပေး၊သဘောကျပေးပြီး ချစ်ခင်နှစ်သက်ပေးကြတဲ့အတွက် တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်။Zawgyi
Hello Htet ပါ။