Hello,This is Htet 💚
Many Thanks to everyone who read Mg'SaydanaYone. This part is really the end of MSDNY fiction. Bye 💚
/
/
/
အချိန်ကား မနက် (3) နာရီ။
လူတွေ အိပ်မောကျနေတဲ့အချိန်မို့ ပတ်ဝန်းကျင်က တိတ်ဆိတ်လို့...။ တစ်ခါတစ်ရံတော့ အကောင်လေးတွေရဲ့ တကျီကျီ အသံလေးတွေကို ကြားရသည်။မနိုးထသေးတဲ့ လောကကြီးရဲ့ အမှောင်ထုကို လမ်းမီးတိုင်လေးတွေက အလင်းဆောင်ကျဥ်းပေးထားသည်။အသင်းကကားက အိမ်ရှေ့ထိလိုက်ပို့ပေးကာ နှုတ်ဆက်ထွက်ခွာသွားသည်။သူ့ဆီမှာရှိတဲ့ အိမ်သော့တွဲကို ထုတ်လိုက်ကာ ခြံတံခါးကို ဖြေးညှင်းစွာဖွင့်ပြီး ခြံထဲသို့ ခြေချလိုက်သည်။ ခြံဝန်းလေးကို ဝေ့ဝိုက်ကြည့်လိုက်ပြီး အသက်ဝဝရှူသွင်းလိုက်သည်။ ရုံ ရှိတဲ့ နေရာလေး။ အိမ်ပြန်ရောက်နေတဲ့ ထိ တိုင်အောင် ရုံ့ကို မမြင်ရသေးတာကြောင့် အလွမ်းစိတ်တွေက နည်းနည်းလေးတောင်မပြေ။ ပိုတိုးလို့ပင် လွမ်းလို့ ပြေးတွေ့ပြီး ပွေ့ဖက်ချင်စိတ်တွေက ထိန်းမရ။
နှစ်ပတ်လို့ ပြောပြီးသွားလိုက်တာ နှစ်လပင်ကျော်သွားသည်။အတိအကျပြောရရင် ရက်ပေါင်း ( ၇၀ ) ။ လိုင်းမရတဲ့ တောထဲတောင်ထဲက ရွာလေး ဆယ့်နှစ်ရွာကို လိုက်လံကုသပေးခဲ့တာက ရက်ပေါင်း (၅၅) ရက် ။ ရုံ နဲ့ လုံးလုံး အဆက်အသွယ် မရခဲ့တဲ့ (၅၅) ရက်ပေါ့။ သေမတတ်ကို လွမ်းနေခဲ့တာ။ အလွမ်းဆိုတဲ့ ခံစားချက်ကို ပျောက်ကွယ်သွားစေချင်တဲ့ အထိ။
ခုချိန် အားလုံး အိပ်မောကျနေတဲ့ အချိန်မို့ မနှိုးချင်တော့တာနဲ့ အိမ်မကြီးရဲ့ တံခါးပေါက် ရှေ့မှာ ထိုင်ချလိုက်သည်။ ကောင်းကင်ကြီးမှာ မှိတ်တုတ် မှိတ်တုတ် ကြယ်လေးတွေစုံနေဆဲ။ လခြမ်းကွေးလေးလည်း မပျောက်ကွယ်သေးဘူး။ သိပ်လှသည်။
" သားဆက်မာန် သားဆက်မာန် "
တစ်ယောက်ယောက်က ပုခုံးကို လာလှုပ်ပြီး ခေါ်နေတာမို့ မျက်လုံးဖွင့်လိုက်တော့....
" အာ...ဒေါ်ကြီး "
သူ အိပ်ပျော်သွားတာပဲ။အင်း...နည်းနည်း ခရီးပန်းလာတာမို့ ထင်တယ်။
