" မောင် ငါ့ဖုန်းလေးရော "
ကိုယ် ထမင်းချက်နေတဲ့ မီးဖိုခန်းထဲဝင်လာကာ ဖုန်းရှာပုံတော်ဖွင့်နေသည့် အပြာနုရောင်ညအိပ်ဝမ်းဆက်လေးကို ဝတ်ဆင်ထားတဲ့ ရုံ။ ဆံပင်တွေက ထိုးထိုးထောင်ထောင်နဲ့ မျက်နှာလည်း သစ်ရသေးပုံမပေါ်။
" မောင် မသိဘူး "
" မောင် သိတယ် "
" မောင် မသိဘူး မျက်နှာသွားသစ် မနက်စာစားမယ် "
" ဖုန်းပေး မောင် ဖွက်ထားတာ ငါ သိတယ် "
အလိုမကျသည့် မျက်နှာထားနှင့် လူရှေ့ကိုရောက်လာပြီး လက်ကလေးဖြန့်ကာ သူ့ဖုန်းကို အတင်းတောင်းနေသည်။
" ထမင်းစားပြီးရင် ပေးမယ် "
" ခု "
" အခု မရဘူး ထမင်းစားပြီးမှ "
" ဟင့်အင်း အခု "
" ဘာလို့ အဲ့လောက် အသဲအသန်လိုချင်နေတာလဲ ငယ်ငယ်"
" ငါ မနေ့က ဇာတ်ကားကြည့်ရင်း အိပ်ပျော်သွားတာ ဘာဖြစ်သွားလဲ သိချင်လို့ "
" ထမင်းစားပြီးမှ ကြည့်လည်းရတာပဲ "
" အခု ကြည့်ချင်တာ "
" စကားနားမထောင်ဘူးလား "
လေသံလေးမဆိုစလောက်မျှ မာမိတော့ ချက်ချင်းဝေ့သီလာတဲ့ မျက်ရည်စတွေ။ဒီမျက်ရည်တွေက ရုံ့အားသာချက် ဆက်မာန်ဟိန်းရဲ့အားနည်းချက်။
" ထမင်းအရင်စား မောင် စိတ်မဆိုးချင်ဘူး "
" မောင့်ကို မုန်းတယ် "
အစ်အမှန်မျက်ရည်တွေနဲ့ အော်ငိုပြီး အခန်းထဲ ဝင်သွားသည့် ရုံ့ကိုကြည့်ပြီး ရယ်ရခက်၊ငိုရခက်။ ဒီအချိန်မှာတော့ သူ ရုံကို အလျှော့မပေးချင်။
အခု ဖြစ်နေတဲ့ပြဿနာက ဘာလဲဆိုတော့ စေတနာရုံ ကိုးရီးယား Drama ကားတွေ စွဲနေတာပဲ။
မနက်မျက်လုံးနှစ်လုံးဖွင့်တာနဲ့ ဖုန်းအရင်ကြည့်တယ်။ ထမင်းစားလည်း ဒီဖုန်း ညအိပ်ယာဝင်လည်း ဒီဖုန်း တစ်နေကုန် ဖုန်းနဲ့ မျက်လုံးနဲ့ မခွာ။
ထမင်း စားချိန်လည်း ဖုန်း နဲ့ မျက်လုံးနဲ့ မခွာ ထမင်းကို ဟုတ်တိပတ်တိ မစားလို့ ခွံ့တော့လည်း ဖုန်းထဲပဲ စိတ်ရောက်ပြီး ထမင်းတွေကို မဝါးပဲ ငုံငုံထားလို့ ထမင်းတစ်ခါ ခွံ့ရင် အနည်းဆုံး တစ်နာရီလောက်ကြာတယ် အပိုလုပ်ပြီးပြောတာ မဟုတ်ပေ။လမ်းလျှောက်တတ်စ တောက်တောက်တောက်တောက်နဲ့ သွားတဲ့ ကလေးတွေကို ခွံ့ရင်တောင် အဲ့လောက်ကြာမှာ မဟုတ်ဘူး။
