နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော ကိုကို့ကို ကြည့်ကာ ရုံရုံ သက်ပြင်းအရှည်ကြီးချမိသည်။ရုံရုံလက်ကို ပျောက်သွားမှာစိုးသည့်အလား ဆုပ်ကိုင်ထားသော ကိုကို့လက်လေးအား အသာ ဖယ်၍ အခန်းအပြင်သို့ထွက်ခဲ့လိုက်သည်။ အပြင်ဘက်ကို ကြည့်လိုက်တော့ မိုးစင်စင်ပင်လင်းနေပြီ။ မောင်ရော အဆင်ပြေရဲ့လား ဘယ်လိုပြန်သွားပါလိမ့်။
" မောင် အိပ်ရင် အိပ်နေမှာ "
မောင့်ဆီ ဖုန်းဆက်ရန် ရည်ရွယ်ပြီးမှ မောင်အိပ်နေမည်စိုးသောကြောင့် ဖုန်းမဆက်ဖြစ်။
" ဦးမောင် ဦးမောင် "
" အော် ရုံရုံလေး ဒီအချိန်ကြီး လာလည်တာလား "
ရေပင်မရှိသော ကိုကို့ရဲ့ ရေခဲသေတ္တာကြောင့် အဖိုးတို့ အိမ်ဘက်ကူးလာခဲ့သည်။
" ဒေါ်ကြီးရော "
" မီးဖိုချောင်ထဲမှာ ရှိတယ် ရုံရုံလေး "
မီးဖိုထဲဝင်လိုက်တော့ ဒေါ်ကြီးက ချက်ပြုတ်ဖို့ပြင်ဆင်နေဟန်။
" ဟယ် ရုံရုံလေး ဒီအချိန်ကြီးလာတာလား သား ဖိုးဖိုးတောင် မနိုးသေးဘူး "
"အိပ်ပါစေ ညက ကိုကို အရက်မူးလို့ လာပို့ရင်း ကိုကို့ဆီမှာ အိပ်လိုက်တာ "
" အော် ဒီကောင်လေးနဲ့ အရက်တွေမူးလာတာလား အင်း.... မိဘတွေနဲ့ အတူမနေရတော့ နေချင်သလိုကိုနေနေတာ "
" အမူးပြေ စွပ်ပြုတ်လေး ပြုတ်ပေးမို့ ဒေါ်ကြီး ကူညီဦး "
"ဒေါ်ကြီးပြုတ်ပေးမယ် "
" သား လုပ်မယ် ဒေါ်ကြီးက အဖိုးအတွက် ချက်ပါ "
" ဘာစွပ်ပြုတ်လုပ်ပေးမလဲ ရေခဲသေတ္တာထဲမှာ အစုံရှိတယ် သားကြိုက်တာ ချက် "
ရေခဲသေတ္တာဖွင့်လိုက်တော့ ပဲပင်ပေါက်ထုပ်လေးတွေ့သည်မို့ TV ထဲမှာဆို ပဲပင်ပေါက်ကို အမူးပြေဟင်းရည် ချက်ကြတယ်မဟုတ်လား။
" ပဲပင်ပေါက်ဆို အဆင်ပြေလား "
" အင်း ပြေတယ် "
" ဘယ်လိုအရင်လုပ်ရမလဲ "
" ပဲပင်ပေါက်က ဒေါ်ကြီး သန့်ထားပြီးသား ရေလေးပြန်ဆေးလိုက်ရင်ရပြီ ဟိုဟင်းရည်ချက်တဲ့အိုးလေးနဲ့ ရေနွေးအရင်တည်လိုက်သား တစ်ခွက်စာလောက်ပဲ "